ခတ္တမန္ဒု ၊ မေ ၂၅ ရက် (ဆင်ဟွာ) မျက်စိအလင်းရောင် ပျောက်ကွယ်နေသည်မှာ ၂၅ နှစ်ကြာပြီဖြစ်သည့် တရုတ်နိုင်ငံ မှ မျက်မမြင် ကျန်းဟုန်သည် မေလ ၂၄ ရက်က နီပေါနိုင်ငံဘက်ခြမ်း မှ ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သည့် ဧဝရတ်တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ရာ အာရှတိုက်၏ ပထမဦးဆုံးသော...
ကုလသမဂ္ဂ ၊ မေ ၂၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စပ်မျိုးစပါးအတွက် တီထွင်ဖန်တီးခဲ့သူ တရုတ်သိပ္ပံပညာရှင် Yuan Longping ကွယ်လွန်ခြင်းအတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း မေ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။ ပညာရှင် Yuan အား ၁၉၃၀ ပြည့်နှစ်တွင်မွေးဖွားခဲ့ပြီး ၎င်းသည် လွန်ခဲ့သော ရက်သတ္တပတ်က...
ချုံချင့်၊ မေ ၂၃ ရက် (ဆင်ဟွာ) တတိယအကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲ (WCIFIT) တွင် ကာလတန်ဖိုး ယွမ် ၂၂၈.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅.၅ ဘီလီယံ) ရှိသော သဘောတူစာချုပ်စုစုပေါင်း ၁၀၂ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြပွဲဖြစ်မြောက်ရေး...
လော့စ်အိန်းဂျလိစ် ၊ မေ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Pony.ai က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ မြို့သုံးမြို့၏ လမ်းမများပေါ်တွင် ဘေးကင်းစွာဖြင့် လူလိုက်ပါခြင်းမရှိသော မောင်းသူမဲ့ကားများကို စမ်းသပ်မောင်းနှင်ရန် ကယ်လီဖိုးနီယားပြည်နယ် မော်တော်ယာဉ်ဌာန(DMV) ထံမှ ခွင့်ပြုမိန့် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်၊မေ ၂၃ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက မေ ၂၁ ရက် နှင့် ၂၂ ရက်များတွင် ငလျင်ဆက်တိုက်လှုပ်ရှားမှုဒဏ်ခံစားခဲ့ရသည့် ယူနန်ပြည်နယ် နှင့် ချင်းဟိုင်ပြည်နယ်(Qinghai ) များသို့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် ဗဟိုအစိုးရရန်ပုံငွေမှ တရုတ်ယွမ် ၁၀ သန်း (အမေရိကန် ဒေါ်လာ ၁.၅၆ သန်း) ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း...
ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် “ကျုလုံ”သည် ၎င်း၏ဂြိုဟ်ပေါ်ဆင်းသက်သည့်ပလက်ဖောင်းမှ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ မောင်းနှင်သွားလာနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှု ဦးစီးဌာန(CNSA)က စနေနေ့တွင် ကြေညာခဲ့သည်။ “ကျုလုံ”၏ ပထမဆုံး အောင်မြင်စွာ မောင်းနှင်သွားလာနိုင်မှုသည် တရုတ်နိုင်ငံကို အမေရိကန်ပြီးလျှင် အင်္ဂါဂြိုဟ်ပေါ်သို့ ဂြိုဟ်ပေါ်သွားယာဉ် ဆင်းသက်မောင်းနှင်နိုင်သည့်...
ဘာလင်၊ မေ ၂၁ ရက်(ဆင်ဟွာ) ယခုနှစ် ပထမသုံးလပတ်တွင် ဂျာမနီစက်ပစ္စည်းထုတ်ကုန်လုပ်ငန်း၏ အကြီးဆုံး တင်ပို့မှုဈေးကွက်ဖြစ်ခဲ့သည့် အမေရိကန်နေရာကို တရုတ်နိုင်ငံက ရောက်ရှိခဲ့ကြောင်း နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။ ဂျာမနီစက်ပစ္စည်းထုတ်လုပ်မှုကဏ္ဍမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်း ပမာဏသည် ယခုနှစ်ပထမသုံးလပတ်တွင် ယူရိုငွေ (၄.၉) ဘီလီယံရှိရာ ပြီးခဲ့သည့်ကာလတူထက် (၂၀.၃)ရာခိုင်နှုန်းတိုးတက်လာပြီး...
ထျန်းကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ထျန်းကျင်းတွင် ကျင်းပနေသည့် ၅ ကြိမ်မြောက် World Intelligence Congress ၌ 5G ကွန်ရက်နည်းပညာ၊ စမတ်နည်းပညာသုံးစွဲခြင်းနှင့် အသိဉာဏ်ထည့်သွင်းထားသည့် သယ်ယူပို့ဆောင်ရေးများယာဉ်များ စသည်တို့ကို ဆင်ဟွာသတင်းဌာနမှ သွားရောက်လေ့လာမေးမြန်းရိုက်ကူးထားပါသည်။ (Xinhua)
ဟူနန်၊ မေ ၂၀ ရက် (ဆင်ဟွာ) Xiangtan တက္ကသိုလ်နေကျောင်းသားများအတွက် အဆောင်များဆီသို့ ပစ္စည်းများတိုက်ရိုက်ပို့ဆောင်ပေးသည့်ဝန်ဆောင်မှုကို အလိုအလျောက်မောင်းပစ္စည်းပို့ယာဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ၎င်းယာဉ်များသည် မီးပွိုင့်အချက်ပြစနစ်များကို လိုက်နာနိုင်ပြီး အတားအဆီးများအား လှည့်ပတ်၍ ကျော်လွှားမောင်းနှင်နိုင်သည်။ယာဉ်ပေါ်တွင် ကုန်ပစ္စည်း ၅၀၀ ကီလိုဂရမ်ခန့်တင်ဆောင်နိုင်ပြီး တစ်နာရီလျှင် ၄၀ ကီလိုမီတာမြန်နှုန်းဖြင့်မောင်းနှင်နိုင်သည်။ (Xinhua)
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့်ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်တို့သည် ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် အဏုမြူစွမ်းအင်စီမံကိန်း စက်ရုံတည်ဆောက်မှု ဖွင့်ပွဲအားရုပ်သံလင့်မှတစ်ဆင့်ကြည့်ရှုအားပေးခဲ့ကြသည်။ ကျန်းစုပြည်နယ်နှင့် လျောင်နင်းပြည်နယ် နှစ်ခုတွင်တည်ရှိသော အဏုမြူစွမ်းအင်ထုတ်လုပ်ရေးစက်ရုံ နှစ်ခုရှိ ဓါတ်ပေါင်းဖို၄ ခုအားတရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အဏုမြူစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း သည် နှစ်နိုင်ငံ အကြား ဦးစားပေး ပူးပေါင်းဆောင်ရွက်မှုရှိသည့်စီမံကိန်းတစ်ခုဖြစ်သည်။ ၂၀၁၈...