Connect with us

Social, Education & Health

တရုတ်နိုင်ငံမှ မျက်မမြင်တောင်တက်သမား ဧဝရတ်တောင်ထိပ်သို့ တက်ရောက်နိုင်သည့် ပထမဆုံး အာရှမျက်မမြင်တောင်တက်သမားဖြစ်လာ

ခတ္တမန္ဒု ၊ မေ ၂၅ ရက် (ဆင်ဟွာ)

မျက်စိအလင်းရောင် ပျောက်ကွယ်နေသည်မှာ ၂၅ နှစ်ကြာပြီဖြစ်သည့် တရုတ်နိုင်ငံ မှ မျက်မမြင် ကျန်းဟုန်သည် မေလ ၂၄ ရက်က နီပေါနိုင်ငံဘက်ခြမ်း မှ ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သည့် ဧဝရတ်တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ရာ အာရှတိုက်၏ ပထမဦးဆုံးသော ဧဝရတ်တောင်ထိပ်ပေါ်ရောက် မျက်မမြင်တောင်တက်သမားတစ်ဦးဖြစ်လာသည်။အသက် ၄၆ နှစ်အရွယ်ရှိ ကျန်းဟုန် သည် နီပေါနိုင်ငံ တောင်တက်လမ်းပြ၏ အကူအညီဖြင့် မေ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ဧဝရတ်တောင်ထိပ် သို့ တက်ရောက်နိုင်ခဲ့ကြောင်း ကျန်းဟုန် တောင်တက်အဖွဲ့၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။ ယခုအကြိမ် တောင်တက်ခရီးစဉ်ကို စီစဉ်ခဲ့သည် နီပေါ နိုင်ငံ အာရှတောင်တက်ကုမ္ပဏီ ကလည်း အဆိုပါ ကိစ္စရပ်အား အတည်ပြုခဲ့ပြီး ကျန်းဟုန် အား ဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အာရှတောင်တက်ကုမ္ပဏီ ၏ အရာရှိတစ်ဦး က ဧဝရတ်တောင်ထိပ်သို့ ရောက်ရှိခါနီးတွင် တောင်ထိပ်၌ လေပြင်းတိုက်ခိုက်နေသော်လည်း ကျန်းဟုန် အနေဖြင့် ရဲရင့်စွာ တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကျန်းဟုန်သည် မူလအစီအစဉ်များအရ ယခုလ ၅ ရက် နှင့် ၁၅ ရက် တို့တွင် ဧဝရတ်တောင်ထိပ်သို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ဧဝရတ်တောင် တောင်ဘက်ကုန်း အခြေစိုက်စခန်းတွင် COVID-19 ရောဂါပိုး ကူးစက်ခြင်း နှင့် လေတိုက်နှုန်းပြင်းထန်ခြင်း တို့ကြောင့် တောင် တက်ရောက်ရန် အကြိမ်ကြိမ် ဖျက်သိမ်းခဲ့ရကြောင်း ၊ ကပ်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းဟုန် တို့အဖွဲ့အနေဖြင့် ပြည်ပသို့မထွက်ခွာမည် တရုတ်နိုင်ငံ မှ ကာကွယ်ဆေးများကို ထိုးနှံမှုခံယူခဲ့ကြကြောင်း ၊ တောင်ထိပ်သို့ မတက်ရောက်မီရက်အနည်းငယ်အလိုတွင် တောင်တက်အဖွဲ့သည် ဧဝရတ်တောင် အခြေစိုက်စခန်းတွင် ဆရာဝန်ခေါ်ယူ၍ သွေးရည်ကြည်စမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း နှင့် မည်သူတစ်ဦးတစ်ယောက်မှျ ရောဂါကူးစက်မှုမရှိကြောင်း အတည်ပြုပြီးနောက် တောင်တက်ခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကျန်းဟုန် မတိုင်မီ အမေရိကန်နိုင်ငံသား မျက်မမြင်တောင်တက်သမား Erik Weihenmayer နှင့် သြစတြီးယား မျက်မမြင်တောင်တက်သမား Andy Holzer တို့သည် ၂၀၀၁ ခုနှစ် မေလ နှင့် ၂၀၁၇ ခုနှစ် မေလ တို့တွင် ဧဝရတ်တောင်ထိပ်သို့ ရောက်ရှိအောင် အသီးသီး တက်ရောက်နိုင်ခဲ့ကြကြောင်းသိရှိရသည်။

ယခုနှစ်နွေ တောင်တက်ရာသီကာလတွင် နီပေါနိုင်ငံအစိုးရသည် စံချိန်တင် တောင်တက်ခွင့်ပြုချက်ပေါင်း ၄၀၈ ခုကို ထုတ်ပေးခဲ့ပြီး နီပေါတောင်တက်လမ်းပြများ နှင့် ၎င်း၏ အကူများအနေဖြင့် တောင်တက်ခွင့် ရရှိထားရန်မလိုအပ်ကြောင်း ၊ သတင်းဖော်ပြချက်များအရ တောင်တက်ရသည့် အချိန်ကာလမှာ တိုတောင်းပြီး တောင်တက်သူများ များပြားနေသောကြောင့် နီပေါနိုင်ငံ ခရီးသွားဌာန က တောင်ထိပ်တက်ရောက်ကြမည့်သူများကို ခွဲတမ်းဖြင့် ကန့်သတ်မှုပြုလုပ်ကာ တစ်ရက်လျှင် တောင်တက်သူပေါင်း ၁၇၀ ထက် မကျော်လွန်အောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နီပေါနိုင်ငံ ခရီးသွားလာရေးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ယခုနှစ်နွေရာသီတောင်တက်ကာလစတင်ချိန်မှစ၍ နီပေါနိုင်ငံ တောင်တက်လမ်းပြများအပါအဝင် လူပေါင်း ၃၅၀ ခန့်သည် ဧဝရတ်တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ကျန်းဟုန် သည် အသက် ၂၁ နှစ်အရွယ်၌အတွင်းတိမ် ကြောင့် မျက်စိနှစ်ဘက်လုံး အလင်းကွယ်သွားခြင်းဖြစ်ပြီး ၎င်းသည် Tibet University Fukang ဆေးရုံ မှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရှိရသည်။ (Xinhua)
…………………………………………
(Chinese Version)

(体育)中国登山者张洪成为登顶珠峰的首位亚洲盲人

新华社加德满都5月24日电(记者易爱军 周盛平)已经失明25年的中国盲人张洪24日成功从尼泊尔一侧登上世界最高峰珠穆朗玛峰,成为亚洲首位登上珠峰的盲人。

据张洪团队介绍,现年46岁的张洪在尼泊尔向导协助下于当地时间24日上午9时站在了珠峰峰顶上。此次登山活动的尼泊尔组织者亚洲徒步公司证实了这一消息,并向张洪表示祝贺。该公司一名官员在珠峰大本营说,尽管当时珠峰峰顶有强风,张洪仍然敢于登顶。

张洪原计划本月5日和15日向珠峰峰顶冲刺,但因珠峰南坡大本营遭到新冠病毒入侵以及强气流不期而至先后放弃登山计划。据介绍,为防控疫情,张洪团队在出国前都接种了中国疫苗,登顶前几日还请医生在珠峰大本营做了血清检测,确认所有人未感染才出发冲刺顶峰。
在张洪之前,美国盲人埃里克•韦恩迈耶和奥地利盲人安迪•霍尔策分别于2001年5月和2017年5月登上珠峰。

今春登山季,尼泊尔政府发放了创纪录的408张登山许可证,登山者的尼泊尔向导和其他助手则无需登山许可证。据报道,由于登山窗口期短而登山者众多,尼泊尔旅游局对登顶者实现配额限制,单日向珠峰峰顶冲刺的登山者不得超过170人。

据尼泊尔旅游局消息,今春登山季开始以来,该局已接到包括尼泊尔夏尔巴向导在内大约350名登山者成功登上珠峰的信息。
张洪21岁时因青光眼双眼致盲,他是西藏大学附属阜康医院员工。(完)

Photo
从珠峰游客大本营远眺珠穆朗玛峰(2019年5月18日摄)。新华社记者 晋美多吉 摄