ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ တန်ဂိုကြယ်ပွင့် မိုရာဂေါ့ဒွိုင်း (Mora Godoy) သည် လွန်ခဲ့သော ၁၅ နှစ်ခန့်က တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းအနေနှင့် “နက်နက်ရှိုင်းရှိုင်းလေးစားရသော” တရုတ်နိုင်ငံသို့ ၎င်း၏ အကကုမ္ပဏီနှင့်အတူ မကြာခဏ ပြန်လည်ရောက်ဖြစ်ခဲ့သည်။
ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်တို့သည် နိုဝင်ဘာ ၁၇ ရက်က ပို့မော်ရက်စ်ဘီမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှု မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းလာစေရန် နှင့် ကိုရီးယားကျွန်းဆွယ်အရေးနှင့် ပတ်သက်၍ ဆက်သွယ်မှုများ...
ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် နိုင်ငံတကာ သွင်းကုန်ပြပွဲအားလည်းကောင်း၊ လာမည့်ဧပြီလတွင် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်အားလည်းကောင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။
ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ကမ္ဘာ့အခင်းအကျင်းက နက်နဲသိမ်မွေ့သော ပြောင်းလဲမှုများရှိနေသည့်ကြားမှ လူသားမျိုးနွယ်မှာ အလှည့်အပြောင်းကာလသို့ရောက်ရှိနေပြီး အတိမ်းအစောင်းမခံနိုင်သော ရွေးချယ်မှုများနှင့် ရင်ဆိုင်နေရကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၁၇ ရက်တွင် ပြောကြားလိုက်သည်။
ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒ ဦးတည်မှု မြင့်တက်လာခြင်းကို ဆန့်ကျင်ရေးအတွက် နိုဝင်ဘာလ ၁၇ ရက်က သတိပေးပြောကြားလိုက်သည်။
ကွမ်ကျိုး ၊နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က လေတပ်အတွက် ၂ဝ၁၉ ခုနှစ်တွင် နိုင်ငံတစ်ဝန်း၌ အမျိုးသမီးသင်တန်းသူ (တိုက်လေယာဉ်မောင်း) ၄ဝ ဦးကို ခေါ်ယူလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း တပ်သားသစ်စုဆောင်းရေးဗျူရို၏ ပြောကြားချက်အရသိရသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးအတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံရန်လျာထားမှုက ကြီးမားသည့် အဓိပ္ပါယ်ရှိကြောင်း တရုတ်နိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦးက နိုဝင်ဘာလ ၉ ရက်တွင် ပြောကြားလိုက်သည်။
ရှန်ဟိုင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (China International Import Expo) အတွက် လူပေါင်း ၅,၄၀၀ ကျော် စေတနာ့ဝန်ထမ်းအဖြစ် ကတိသစ္စာပြုခဲ့ကြောင်း တရုတ်နိုင်ငံ ကွန်မြူနစ်လူငယ်များအဖွဲ့ချုပ်၏ ရှန်ဟိုင်း စည်ပင်သာယာကော်မတီအရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် ထိုင်းနိုင်ငံ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလနှောင်းပိုင်းတွင် မလေးရှားနိုင်ငံ ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်သွားရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ အရေးပါသည့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၃၆ ခုကို နိုင်ငံတော်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက် ပြည်သူ့ဥယျာဉ်များအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ၊ ယင်းမှာ အကျယ်အဝန်းအားဖြင့် စုစုပေါင်း မြေဟက်တာ ၆၁ဝ,ဝဝဝ အထိ ရှိကြောင်း အမျိုးသားယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲရေး(NCHA) က ဆိုသည်။