Connect with us

Politics, Law & Military

မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MIC)နှင့် မိတ်ဖက်အသင်းအဖွဲ့များ နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုး

မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် မိတ်ဖက်အသင်းများ Friendship Dinnerအခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MIC)နှင့် မိတ်ဖက်အသင်းအဖွဲ့များ နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို စက်တင်ဘာ ၂၇ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ Sky Star Hotelတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်း အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက  “ ဒီနေ့ဟာ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ အိမ်နီးချင်းနိုင်ငံတွေကြား ပိုမိုချစ်ကြည်ရင်းနှီးဖို့အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ဆောင်ရွက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီအသင်းအဖွဲ့ကြီးကို ထူထောင်ပြီး ခုလိုရင်းနှီးချစ်ခင်ဖို့အတွက် ညစာစားပွဲကျင်းပနိုင်တာ အလွန်၀မ်းမြှောက်ပါကြောင်း၊ ဒီလိုဆောင်ရွက်နိုင်ဖို့ အဖက်ဖက်က ကြိုးစားကြသူအားလုံးကို အထူးပင်ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်၊ ဒီမိတ်ဆုံစားပွဲကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် မိတ်ဖက်အသင်းများ Friendship Dinnerအခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

အဆိုပါ မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MIC)နှင့် မိတ်ဖက်အသင်းအဖွဲ့များ ညစာစားပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်နှင့် တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင်တို့ကလည်း ဂုဏ်ပြုနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ဝန်ကြီးချုပ် က ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် မိတ်ဖက်အသင်းများ Friendship Dinnerအခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် မိတ်ဖက်အသင်းများ Friendship Dinnerအခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် မိတ်ဖက်အသင်းများ Friendship Dinnerအခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ယင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ဇနီး၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ရန်ကုန်မြို့ဒုတိယမြို့တော်ဝန် ဦးစိုးလွင်နှင့် စည်ပင်သာယာရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်နှင့် တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင်၊နိုင်ငံတကာသံတမန်များ၊ မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MIC)နှင့် မိတ်ဖက်အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)