ဘန်ကောက်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)ထိုင်းနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားချိန်မှစ၍ ပထမဆုံးရောက်ရှိလာသော ကမ္ဘာလှည့်ခရီးသွားများတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာလှည့်ခရီးသည်များအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရက်ကို ၁၄ ရက်မှ ၁၀ ရက်သို့ လျှော့ချရန် ရည်ရွယ်ထားကြောင်း အောက်တိုဘာ၂၁ ရက်တွင် ပြုလုပ်သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။အဆိုပါ ကြေညာချက်သည် အောက်တိုဘာ ၂၀ ရက်က တရုတ်နိုင်ငံမှ...
ဘန်ကောက်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ လုံခြုံရေးကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အစိုးရက အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံရှိ သတင်းရုပ်သံလိုင်းများတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက COVID-19 ရောဂါကူးစက်ခံရမှုမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း အတည်ပြုပြောဆိုထားသည့် ဗီဒီယိုအပိုင်းများကို အောက်တိုဘာ ၃ ရက်တွင် ထုတ်လွှင့်ပြသထားကြောင်း သိရသည်။
ဟဲဖေ ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ရထားတည်ဆောက်ရေးကုမ္ပဏီထံမှ ရထား ၇၂ စင်းကို မှာယူခဲ့ကြောင်း CRRC Puzhen Bombardier Transportation Systems Co., Ltd.(PBTS) က ဆိုသည်။
ဘန်ကောက်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် မျှော်လင့်ကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာက စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
ကန်ချနာဘူရီ ၊ ထိုင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အနောက်ဘက် ၁၂၀ ကီလိုမီတာအကွာတွင် တည်ရှိသော ကန်ချနာဘူရီပြည်နယ်သည် ဝမ်းနည်းကြေကွဲဖွယ်ရာ သတင်းစကားအပြည့်ဖြစ် ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခု ဖြစ်သည်။
ဘန်ကောက်၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) လေကြောင်းလိုင်းများ ပြည်ဝင်ခွင့် ကန့်သတ်ချက်ကို ဇူလိုင် ၁ ရက်နေ့မှစ၍ဖြေလျှော့ပေးသွားမည်ဖြစ်ပြီး ခရီးသည် ၁၁ မျိုး တင်ဆောင်လာသည့်လေယာဉ်များကို ပြည်ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့ (CAAT)က ဇွန် ၂၉ ရက် ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဘန်ကောက် ၊ ဇွန် ၈ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် ခရီးသွားရဲတပ်ဖွဲ့မှ ရဲဗိုလ်ချုပ်တစ်ဦးအား တပ်ဖွဲ့ပိုင် ရဟတ်ယာဉ်ကို ကိုယ်ကျိုးအတွက် မလျော်သုံးစွဲမှုဖြင့် ဇွန် ၇ ရက်တွင် နယ်ပြောင်းပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။ နခွန်ဆရီသန်မာရတ်(Nakhon Sri Thammarat)ပြည်နယ်အတွင်းရှိ Ai Khai ဘုရားကျောင်းပရဝဏ်၌ မကြာသေးမီက...
ဘန်ကောက်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၃၂ ခုတွင် စီးပွားရေးဆိုင်ရာ ကန့်သတ်ချက်တချို့ဖြေလျှော့သွားရန် COVID-19 အခြေအနေစီမံခန့်ခွဲရေး စင်တာ (CCSA) ထံ အဆိုပြုသွားမည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးက မီဒီယာများအား ဧပြီ ၂၀ ရက်က ပြောကြားခဲ့သည်။