Connect with us

Media

EV ကဏ္ဍ တရုတ်၊ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုက အပြန်အလှန်အကျိုးကျေးဇူးဖြစ်ထွန်းလာ

ဘန်ကောက်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ထုတ်လုပ်သော လျှပ်စစ်ကားများ (EVs) သည် ဘန်ကောက်မှ ဂျကာတာအထိ အရှေ့တောင်အာရှမြို့များတွင် ရေစီးကြောင်းအသစ်ဖြစ်လာသည်။

တံခါးနှစ်ပေါက်ရှိသော မီနီကားများမှ လူများစွာဆံ့သော မီနီဗင်ကားများအထိ တရုတ် EV ကားများသည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများအကြား ဒေသတွင်း အစိမ်းရောင်စွမ်းအင် ကူးပြောင်းရေး ပူးပေါင်းဆောင်ရွက်မှု၏ သာဓကလည်း ဖြစ်သည်။

အရှေ့တောင်အာရှဒေသရှိ အစိုးရများသည် EV ရောင်းအားမြှင့်တင်ရန် အားပေးမှုများ ဖော်ထုတ်လျက်ရှိသလို EV စက်ရုံ တည်ဆောက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံများကိုလည်း ဆွဲဆောင်လျက်ရှိသည်။ EV ထုတ်လုပ်မှုတွင် ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်သည့်အားလျော်စွာ တရုတ်ကားထုတ်လုပ်သူများသည် အရှေ့တောင်အာရှနိုင်ငံများ၏ သဘာဝအလျောက်ရွေးချယ်ပေးသော မိတ်ဖက်များဖြစ်လာခဲ့သည်။

ထိပ်တန်း တရုတ်မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သော SAIC Motor’s MG ၊ Great Wall Motor ၊ BYD ၊ Hozon ၊ Changan နှင့် GAC Aion တို့သည် ဒေသတွင်း ထုတ်လုပ်မှုအစီအစဉ်များဖြင့် ဒေသဆိုင်ရာ ဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်လာပြီဖြစ်ကြောင်း မီဒီယာသတင်းများအရ သိရသည်။

ပြည်တွင်း ကားထုတ်လုပ်ရေးစက်ရုံများ၌ ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ထိုင်းနိုင်ငံ အပါအဝင် အာဆီယံဈေးကွက်အတွင်း တရုတ် EV များ ဝင်ရောက်လာခြင်းသည် ထိုင်းနိုင်ငံ၏ EV လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားဖြစ်စေခဲ့သလို ထိုင်းနိုင်ငံမှ သုံးစွဲသူများအတွက်လည်း ရွေးချယ်မှုအမြောက်အမြား ဆောင်ကြဉ်းပေးခဲ့ကြောင်း ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံမဟာဌာန၏ ဌာနမှူးဟောင်း Seksin Srivatananukulkit က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China, ASEAN cooperation on EV burgeoning for mutual benefit
BANGKOK, Sept. 21 (Xinhua) — From Bangkok to Jakarta, electric vehicles (EVs) manufactured by Chinese carmakers are becoming a new trend in Southeast Asian cities.
From two-door mini cars to upscale minivans, Chinese EVs are also testimony to the cooperation among China and member countries of the Association of Southeast Asian Nations (ASEAN) in the region’s transition to green energy.
Across Southeast Asia, governments are rolling out incentives to boost EV sales and actively attracting foreign investment to build up the EV industry. As a global leader in EV production, Chinese carmakers are becoming Southeast Asian countries’ natural choice of partners.
Chinese leading car manufacturers SAIC Motor’s MG, Great Wall Motor, BYD, Hozon, Changan, and GAC Aion have made inroads into the regional market, with plans for local manufacturing, according to media reports.
The entry of Chinese EVs into the ASEAN market, including Thailand, along with investments in local manufacturing facilities, has propelled the development of Thailand’s EV industry and has provided Thai consumers with a wider range of choices, said Seksin of Chiang Mai University.