ဘန်ကောက်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး မြှင့်တင်ရန် အစီအစဉ်အရ လမ်းဘေးအစားအစာ အရည်အသွေး မြှင့်တင်ရန် သြဂုတ်လ ၁၆ ရက်က သန္နိဋ္ဌာန်ချလိုက်ကြောင်း သိရသည်။
ဘန်ကောက်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့က ခရီးသွားဧည့်သည်များအား ထောက်ပံ့ပေးရန်နှင့် နိုင်ငံ၏ ဆွဲဆောင်မှုများ၊ ပွဲများနှင့် ပွဲတော်များအား မြှင့်တင်ရန် ရွေ့လျားသတင်းအချက်အလက်ယာဉ်တစ်စင်းအား မိတ်ဆက်လိုက်ကြောင်း သိရသည်။
ဘန်ကောက်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေရာများစွာတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့မှုအပေါ် အရေးပေါ် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) က ညွှန်ကြားထားကြောင်း အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက သြဂုတ်လ ၂ ရက်တွင် ပြောကြားလိုက်သည်။
ဘန်ကောက်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) နှင့် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့က အစည်းအဝေးအတွင်း သြဂုတ်လ...
ဘန်ကောက်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သြဂုတ်လ ၂ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ကြောင်း၊ ဒဏ်ရာရသူ ၂ ဦးရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်မည့် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေး၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံဒေသဆိုင်ရာဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်မည်...
ဘန်ကောက် ၊ မေ ၁၂ ရက် (ဆင်ဟွာ) ထိုင်း နိုင်ငံ ဝန်ကြီးချုပ်ရုံး ၏ မေလ ၁၀ ရက် ညပိုင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက် အရ ထိုင်း နိုင်ငံ အစိုးရ အဖွဲ့ မှ ဝန်ကြီး ၁၅ ဦး က...
ဘန်ကောက် ၊ မေ ၈ ရက်(ဆင်ဟွာ) ထိုင်းဘုရင်ကြီး၏ နန်းတက်ပွဲကို ဂုဏ်ပြုသောအားဖြင့် မေ ၇ ရက်တွင် ဘန်ကောက်မြို့ရှိ နန်းတော်ပြင်ပ၌ အယုဒ္ဓယပြည်နယ်မှ လှပတင့်တယ်သော အစွယ်ကြီးများဖြင့်ဆင်ကြီး ၁၁ ကောင်က လှည့်လည်ချီတက် အလေးပြုခဲ့ကြောင်း သိရသည်။
ကျန်ကျန့်၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ ရေတပ်တို့သည် Blue Commando-2019 ဟုအမည်ပေးထားသော ပူးတွဲလေ့ကျင့်ရေးတစ်ခုအား မေလ ၂ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဘန်ကောက်၊ မတ် ၂၉ ရက် (ဆင်ဟွာ) China Mobile International (CMI) နှင့် ထိုင်းနိုင်ငံ မိုဘိုင်းလုပ်ငန်း TrueMove H တို့က ထိုင်းနှင့် တရုတ် ဖုန်းနံပါတ်များ ပေါင်းစပ်ထည့်သွင်းထားသော ပထမဆုံး ဆက်သွယ်ရေး ဝန်ဆောင်မှု CMLink TrueMove H Thailand...