Connect with us

Media

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပီတာ လင်ဂျာရိုအန်ရတ်အား လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထား

ဘန်ကောက်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

Move Forward ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်း ပီတာ လင်ဂျာရိုအန်ရတ် (Pita Limjaroenrat) က အရည်အချင်းမပြည့်မီသဖြင့် လွှတ်တော်အမတ်နေရာမှ ဆိုင်းငံ့ရန် ရွေးကောက်ပွဲကော်မရှင်က တင်သွင်းခဲ့ပြီးနောက် ၎င်းအား ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အမတ်နေရာမှ ဆိုင်းငံ့လိုက်ကြောင်း သိရသည်။

ပီတာသည် မေ ၁၄ ရက်က ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်စဉ်အချိန်က မီဒီယာကုမ္ပဏီတစ်ခု၌ ရှယ်ယာပိုင်ဆိုင်များ ပိုင်ဆိုင်ထားခြင်းမှာ ရွေးကောက်ပွဲစည်းမျဉ်းများအား ချိုးဖောက်ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ တိုင်ကြားမှုကို တရားရုံးက လက်ခံခဲ့ပြီးနောက် ထိုသို့ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။
တရားရုံးက ယင်းအမှုကို လက်ခံကြောင်း အတည်ပြုခဲ့ပြီး ပီတာအား ဇူလိုင် ၁၉ ရက်မှစ၍ နောက်ဆုံးစီရင်ချက် မချမီတိုင်အောင် လွှတ်တော်တာဝန်များမှ ရပ်နားထားရန် ညွှန်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပီတာအနေဖြင့် ၁၅ ရက်အတွင်း ထိုစွဲဆိုချက်များနှင့် ပတ်သက်၍ ဖြေရှင်းချက်ပေးရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်းကျင်းပသည့် လွှတ်တော်တွင် ဥပဒေပြုလွှတ်တော်အမတ်များက ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ရွေးချယ်ရေးအတွက် ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်ရန် ဆောင်ရွက်နေကြခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Thailand’s Constitutional Court suspends MFP leader Pita Limjaroenrat from parliament
BANGKOK, July 19 (Xinhua) — Thailand’s Constitutional Court on Wednesday suspended Move Forward Party leader and prime minister candidate Pita Limjaroenrat as a member of parliament pending the court’s ruling on his disqualification case submitted by the Election Commission.
The court’s decision came after it received a complaint filed by the Election Commission that Pita owned shares in a media company at the time of registering his election candidacy for the May 14 election, which violates electoral rules.
In a written statement, the court confirmed that it had accepted the case and directed Pita to cease his parliamentary duties from July 19 until a final ruling is reached.
Pita was required to provide an explanation of the allegation to the Constitutional Court within 15 days, according to the statement.
In a joint session of the bicameral parliament on Wednesday, lawmakers are scheduled to make a second bid to elect Thailand’s prime minister, following last week’s unsuccessful initial attempt.
Photo: Pita Limjaroenrat, the prime minister candidate from the Move Forward Party of Thailand, speaks at a press conference at the Move Forward Party headquarters, in Bangkok, Thailand, May 14, 2023. (Xinhua/Rachen Sageamsak)