မနီလာ၊ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက တရုတ်နိုင်ငံ ဇီဝဆေးဝါးထုတ်လုပ်မှုကုမ္ပဏီများမှ တီထွင်ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများသည် ဘေးကင်းလုံခြုံမှုရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပြီး တရုတ်ကာကွယ်ဆေးများဝယ်ယူရန် သူ၏အစိုးရအဖွဲ့ ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကာကွယ်ပြောကြားလိုက်သည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) နှင့် ပေကျင်းမြို့ရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာ၌ သြဂုတ်လ ၂၉ ရက်တွင် တွေ့ဆုံကာ ဆက်ဆံရေး တိုးတက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။
ဟောင်ကောင် ၊ မနီလာ ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့အလည်အပတ်ရောက်ရှိနေသော ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက မနီလာမြို့၌ ၂ဝ၁ဝ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် ဟောင်ကောင်ဒေသမှ ခရီးသွားများ ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီး အသတ်ခံရသော ကိစ္စအပေါ် ဧပြီ ၁၂ ရက်တွင် တောင်းပန်လိုက်ကြောင်း သိရသည်။
မနီလာ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်သမ္မတ ဒူတာတေးက လွှတ်တော်အမတ် Antonio Trillanes IV အနေဖြင့် သမ္မတတွင် ဘဏ်အပ်ငွေ အမေရိကန်ဒေါ်လာ ၄၀.၀၆သန်းနှင့် ညီမျှသည့် ဖိလစ်ပိုင်ငွေ ၂ဘီလီယံ ပီဆို ရှိကြောင်း တစ်ကြိမ်သာ သက်သေပြနိုင်မည်ဆိုပါက သမ္မတရာထူးမှ နှုတ်ထွက်ပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ...