Connect with us

Asia

ဖိလစ်ပိုင်သမ္မတ က ၎င်း၌ ဘဏ်အပ်ငွေ ကန်ဒေါ်လာ သန်းချီရှိကြောင်း စွပ်စွဲချက်မှန်ကန်ပါက ရာထူးမှ နှုတ်ထွက်မည်ဟု ပြောကြား

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးအားတွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက လွှတ်တော်အမတ် Antonio Trillanes IV အနေဖြင့် သမ္မတတွင် ဘဏ်အပ်ငွေ အမေရိကန်ဒေါ်လာ ၄၀.၀၆သန်းနှင့် ညီမျှသည့် ဖိလစ်ပိုင်ငွေ ၂ဘီလီယံ ပီဆို ရှိကြောင်း တစ်ကြိမ်သာ သက်သေပြနိုင်မည်ဆိုပါက သမ္မတရာထူးမှ နှုတ်ထွက်ပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်ညက ပြောကြားလိုက်သည်။

ဒူတာတေးက “Trillanes စွပ်စွဲခဲ့သလို ကျွန်တော့်က ပီဆို ၂ဘီလီယံ ကို ဘဏ်ထဲမှာ တရားမဝင် အပ်ထားတယ်လို့ သက်သေပြနိုင်တာဘဲဖြစ်ဖြစ်၊ ကျွန်တော့်နာမည်နဲ့ ဘဏ်ငွေအပ်စုစုပေါင်း ဘီလီယံဝက် လောက်ရှိတယ်လို့ တစ်ကြိမ်လောက် သက်သေပြနိုင်ရင်တောင် သမ္မတရာထူးက ချက်ချင်း နှုတ်ထွက်ပေးလိုက်မှာပါ” ဟု သန်းခေါင်ယံတွင် ထုတ်လွှင့်သည့် ဗီဒီယိုဖိုင်၌ ပြောကြားခဲ့သည်။

ဒူတာတေးသည် လွှတ်တော်အမတ်၏ စွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပြီး ယင်း စွပ်စွဲချက်သည် အိုဟောင်းနေပြီဖြစ်သော စိတ်ကူးများဖြင့် လုပ်ကြံမှုသက်သက်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက မဲဆွယ်ကာလအတွင်း Trillanes ၏ စွပ်စွဲချက်ဖြစ်သည့် ဖိလစ်ပိုင်ကျွန်းများဘဏ်၏ ဘဏ်ခွဲတစ်ခုတွင် ငွေပမာဏ ပီဆို ၂၁၁သန်း (အမေရိကန်ဒေါ်လာ ၄.၂၃သန်း) အပ်နှံထားခြင်း နှင့် ပတ်သက်၍ ၎င်း သမ္မတ မဖြစ်ခင်ကတည်းက ဖြေကြားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက စွပ်စွဲချက်များရှိနေသော်လည်း ဖိလစ်ပိုင်လူဦးရေ ၁၆သန်းက ၎င်းအားထောက်ခံမြဲဖြစ်ပြီး သမ္မတရာထူးကို ဆက်လက်ပေးထားကြောင်း ပြောကြားခဲ့သည်။

သမ္မတ က ၎င်း၏ မိသားစုဝင်များသည် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းများ နှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်များမှ ဝင်ငွေများရရှိပြီး ငွေစုဆောင်းနိုင်ခြင်းဖြစ်ကြောင်း မိသားစု၏ ဝင်ငွေရလမ်းများနှင့်ပတ်သက်၍ လည်း ခုခံပြောဆိုခဲ့သည်။ (Xinhua)