ဟနွိုင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် အောက်တိုဘာလ အစောပိုင်းကစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများနှင့် အခြားသော သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ကာ လူပေါင်း ၁၁၇ ဦး သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက အောက်တိုဘာ...
ဟနွိုင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ပြီးခဲ့သည့်ရက်အနည်းငယ်က သဘာဝဘေး အန္တရာယ်များကြောင့် လူ ၆၂ ဦး သေဆုံးကာ ၅ ဦးပျောက်ဆုံးနေကြောင်း သဘာဝဘေး တားဆီးထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက အောက်တိုဘာ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဟနွိုင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မိုးကြီး ရေလျှံမှုကြောင့် လူ ငါးဦးသေဆုံးပြီး အခြားသူ သုံးဦး ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက ပြောကြားခဲ့သည်။
ဟနွိုင်း ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်းမှာပင် စာသင်နှစ်သစ်အတွက် နိုင်ငံအတွင်းရှိကျောင်းများကို စက်တင်ဘာ ၅ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားပေါင်း ၂၃ သန်းနီးပါးသည် ၎င်းတို့၏ စာသင်ကျောင်းများသို့ အသီးသီးတက်ရောက်ခဲ့ကြကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် ဇူလိုင် ၃၁ ရက်က ပထမဆုံး COVID-19ရောဂါ အတည်ပြုလူနာ ထပ်မံ တွေ့ရှိပြီးနောက် ဩဂုတ် ၁ ရက်တွင် အသစ်ထပ်တိုးအတည်ပြုလူနာ ၄၀ ၊ သီးခြားခွဲထားစောင့်ကြည့်မှု ခံယူနေသူ ၉ သောင်းကျော်ရှိကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဒါရိုက်တာအဖွဲ့က ဗီယက်နမ်နိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသော စီးပွားရေးဆောင်ရွက်မှုများကို ထောက်ပံ့ကူညီရန် စီးပွားရေးဘဏ်တစ်ခုအား ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခွင့်ပြုခဲ့ကြောင်း ဇူလိုင် ၁၇ ရက်က ပြောကြားခဲ့သည်။
ဟနွိုင်း၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂ ဦး ထပ်မံတိုးခဲ့ပြီး ယခုအခါ ဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်း ၂၆၂ ဦးထိ ရှိလာကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၃ ရက် နံနက် တွင် ထုတ်ပြန်ခဲ့သည်။
ဟနွိုင်း ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၌ ယနေ့ ဧပြီ ၅ ရက် နံနက်ပိုင်းတွင် COVID-19 ကူးစက်ခံရမှု လူနာသစ် မရှိကြောင်း ၊ လက်ရှိနိုင်ငံအတွင်း အတည်ပြုလူနာ စုစုပေါင်း ၂၄၀ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရသိရသည်။
ဟနွိုင်း ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ဗီယက်နမ် နိုင်ငံ၌ COVID-19 ရောဂါ လူနာ နှစ်ဦး ထပ်မံ သက်သာပျောက်ကင်းသွားခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီ ၁ ရက်တွင် ကြေညာခဲ့ပြီး စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ၆၀ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။
ဟနွိုင်း ၊ မတ် ၁၁ ရက်(ဆင်ဟွာ) ဗီယက်နမ် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက မတ် ၁၁ ရက်တွင် နိုင်ငံအလယ်ပိုင်း ဒါနန်(Da Nang) မြို့၌ နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားသူ လူနာသစ်တစ်ဦး တွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး နိုင်ငံအတွင်း၌ စုစုပေါင်း ရောဂါ...