Connect with us

Asia

ဗီယက်နမ်နိုင်ငံ၌ သစ်သီးများ အွန်လိုင်းမှတိုက်ရိုက်ရောင်းချခြင်း ဖွံ့ဖြိုးတိုးတက်လာ

ဟနွိုင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ပုံစာ- ဗီယက်နမ်နိုင်ငံ၊ Ba Ria-Vung Tau ပြည်နယ်၊ Chau Duc ခရိုင်ရှိ Ri6 ဒူးရင်းခြံတွင် အလုပ်လုပ်နေသည့် တောင်သူတစ်ဦးကို ၂၀၂၂ ခုနှစ်၊ မေ ၂၅ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ– VNA/Handout via Xinhua)

ဗီယက်နမ်နိုင်ငံ၌ လတ်ဆတ်သော သစ်သီးဝလံနှင့် စိုက်ပျိုးရေးထွက်ကုန်များကို အွန်လိုင်းမှ တိုက်ရိုက်ရောင်းချခြင်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာနိုင်ဖွယ်ရှိပြီး၊ နိုင်ငံ၏ e-commerce ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအခြေခံအဆောက်အအုံအား တိုးတက်ကောင်းမွန်လာစေရေးအတွက် မွမ်းမံမှုများဆောင်ရွက်ရန် တိုက်တွန်းလျက်ရှိကြောင်း ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်ကို ကိုးကား၍ ဒေသတွင်းသတင်းစာ ဖြစ်သည့် Vietnam News က ဇူလိုင် ၁၀ ရက်၌ သတင်းဖော်ပြထားသည်။

အွန်လိုင်းမှတိုက်ရိုက်ရောင်းချခြင်းမှတစ်ဆင့် ဖောက်သည်များအား ကုန်ပစ္စည်းဝယ်ယူရန် ဆွဲဆောင်ရာတွင် စီးပွားရေးလုပ်ငန်းနှင့် စတိုးဆိုင်အများစုက စျေးနှုန်းများ လျှော့ချခြင်း၊ ကုန်ပစ္စည်းအရည်အသွေးနိမ့်သည်ကို တွေ့ရှိပါက ကုန်ပစ္စည်းများ ပြန်လည် လဲခွင့်ပြုခြင်းနှင့် ငွေပြန်အမ်းခြင်းစသည့် ဝန်ဆောင်မှုများပေးထားကြောင်း ယင်းသတင်းစာတွင် ဖော်ပြထားသည်။

e-commerce ကျွမ်းကျင်ပညာရှင် Do Quang Huy က အွန်လိုင်းအရောင်းမြှင့်တင်ခြင်းသည် ခိုင်မာသော ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်သင့်သည့် ခေတ်ရေစီးကြောင်းတစ်ခုဖြစ်သော်လည်း လတ်ဆတ်သော စိုက်ပျိုးရေးထွက်ကုန်များကို အလျင်မြန်ဆုံးပို့ဆောင်ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပြန်လည်ပေးပို့သော ကုန်ပစ္စည်းများသည် ပျက်စီးမှုများကြောင့် စွန့်ပစ်ရနိုင်ကြောင်းနှင့် e-commerce ၏ လိုအပ်သော ထောက်ပံ့သယ်ပို့ရေး အခြေခံအဆောက်အအုံ တိုးတက်ကောင်းမွန်လာစေရေးကလည်း အရေးကြီးကြောင်း အဆိုပါပညာရှင်က အလေးပေးပြောကြားခဲ့သည်။ (Xinhua)

………………….

(English Version)

Vietnam to see a boom in livestream fruit sales

HANOI, July 11 (Xinhua) — Selling fresh fruit and agricultural products through live streaming will likely boom in Vietnam, urging the country to improve its e-commerce logistics infrastructure, local newspaper Vietnam News reported on Monday, citing experts’ forecast.
To attract customers to buy goods via live streaming events, most businesses and stores reduced prices and allowed customers to return goods and get a refund if they found the goods to be of low quality, according to the newspaper.
Do Quang Huy, an e-commerce expert, said promoting online sales is a trend that should attract strong investment, however, fresh agricultural products require fast delivery.
Returned goods might be abandoned because of damage, the expert said, stressing the importance of developing the necessary e-commerce logistics infrastructure.

(1) A farmer works at his dragon fruit farm in Thoi Lai district, Can Tho province, Vietnam, Jan. 26, 2022. (VNA/Handout via Xinhua)
(2)A farmer works in the Ri6 durian orchard in Chau Duc district, Ba Ria-Vung Tau province, Vietnam, on May 25, 2022. (VNA/Handout via Xinhua)