လန်ဒန်၊ စက်တင်ဘာလ ၄ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံအောက်လွှတ်တော်တွင် ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် အနေဖြင့်ဗြိတိန်နိုင်ငံ ဥရောပသ မဂ္ဂ မှနုတ်ထွက်ရေးအတွက် အဓိကကျသောဆန္ဒမဲတစ်ရပ်ပေးမှု၌ စက်တင်ဘာလ ၃ ရက် ကရှုံးနိမ့်ခဲ့ ပြီး လွှတ်တော်၌ သဘောတူညီချက်မရှိဘဲ ဥရောပသမဂ္ဂမှနုတ်ထွက်မှုကိုဆန့်ကျင်သည့် လွှတ်တော် အမတ်များကပါလီမန်တွင်ထိန်း ချုပ်ထားနိုင်သည့် လက္ခဏာဖြစ်ကြောင်းသိရသည်။
လန်ဒန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်သစ်အား ရွေးချယ်ရန် ယှဉ်ပြိုင်မှုအား ဇွန်လ ၁၀ ရက်တွင် တရားဝင်စတင်လိုက်ပြီး ဗြိတိန်နိုင်ငံရေးလောကတွင် အကြီးမားဆုံးလုပ်ငန်းတာဝန်အတွက် ယှဉ်ပြိုင်ရန် လူ ၁၀ ဦးက ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
လန်ဒန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ (Theresa May) သည် ဇွန်လ ၇ ရက်တွင် ကွန်ဆာဗေးတစ်ခေါင်းဆောင် အဖြစ် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံ၏ နောက်ထပ် ဝန်ကြီးချုပ်သစ်အား ရွေးချယ်ဆုံးဖြတ်ရန် လမ်းဖွင့်ပေးလိုက်ကြောင်း မေလ ၂၄ ရက်က ပြောကြားလိုက်သည်။...