Connect with us

Europe

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် ၏သဘောတူညီချက်မရှိဘဲ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေး အတွက် အဓိကကျသောဆန္ဒမဲပေးမှု ပါလီမန်၌ပြုလုပ်

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် အား စက်တင်ဘာလ ၃ ရက်က အောက် လွှတ်တော်၌ တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာလ ၄ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံအောက်လွှတ်တော်တွင် ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် အနေဖြင့်ဗြိတိန်နိုင်ငံ ဥရောပသ မဂ္ဂ မှနုတ်ထွက်ရေးအတွက် အဓိကကျသောဆန္ဒမဲတစ်ရပ်ပေးမှု၌ စက်တင်ဘာလ ၃ ရက် ကရှုံးနိမ့်ခဲ့ ပြီး လွှတ်တော်၌ သဘောတူညီချက်မရှိဘဲ ဥရောပသမဂ္ဂမှနုတ်ထွက်မှုကိုဆန့်ကျင်သည့် လွှတ်တော် အမတ်များကပါလီမန်တွင်ထိန်း ချုပ်ထားနိုင်သည့် လက္ခဏာဖြစ်ကြောင်းသိရသည်။

ဗြိတိန်အစိုးရ အနေဖြင့် ကန့်ကွက်မှုပြုကြသည့်ဥပဒေပြုအမတ်များအား ၂၇ မဲ လျော့နည်း၍ရှုံးနိမ့်ခဲ့ပြီး နောက် စက်တင်ဘာလ ၄ ရက်တွင် သဘောတူညီချက်မရှိဘဲ ဥရောပသမဂ္ဂမှနုတ်ထွက်မှုကိုပိတ်ပင် ရန် ဥပဒေကြမ်းတစ်ရပ်အတွက်စကားစစ်ထိုးပွဲ ကိုခွင့်ပြုမည့် ပါလီမန်အစီအစဉ်ကို ဥပဒေပြုအမတ် များက ထိန်းချုပ်ထားနိုင်ခဲ့သည်။သုံးနာရီကြာအရေးပေါ်ငြင်းခုံမှုတစ်ရပ် လွှတ်တော်တွင်ဖြစ်ပွားခဲ့အပြီး နောက်အောက်လွှတ်တော်တွင်အစိုးရ၏သဘောထားကိုဆန့်ကျင်သည့်အမတ်များက ၃၂၈ မဲ-၃၀၁ မဲ ဖြင့် အနိုင်ရထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

မဲဆန္ဒပေးမှုရလဒ်ကိုကြေညာအပြီးမကြာမီမှာပင် ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် က ၎င်းအနေဖြင့် အထွေ ထွေရွေးကောက်ပွဲအားစောစီးစွာကျင်းပနိုင်ရေး အဆိုတင်ထားကြောင်းပြောခဲ့သည်။

ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂ မှနုတ်ထွက်မှုကို ဆန့်ကျင်ဆန္ဒပြနေသူများ အားစက်တင်ဘာလ ၃ ရက်က လန်ဒန်မြို့၌တွေ့ရစဉ်။(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂ မှနုတ်ထွက်မှုကို ဆန့်ကျင်ဆန္ဒပြနေသူများ အားစက်တင်ဘာလ ၃ ရက်က လန်ဒန်မြို့၌တွေ့ရစဉ်။(ဆင်ဟွာ)

မဲဆန္ဒပေးမှုရလဒ်က အတိုက်အခံအမတ်များ၏ ပြင်းထန်သောဆန့်ကျင်မှုရှိနေလင့်ကစား အောက်တို ဘာ ၃၁ ရက်၌ ဗြိတိန်နိုင်ငံအား ဥရောပသမဂ္ဂမှ သဘောတူညီချက်မရရှိသော်လည်း နုတ်ထွက်ရန် ပြောကြားခဲ့သည့် ဘိုးရစ်ဂျွန်ဆင် အတွက် ကြီးမားသောထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့သည်။ အတိုက်အခံ အမတ်များ၏သဘောတူညီချက်မရှိဘဲဥရောပသမဂ္ဂမှနုတ်ထွက်မှုကိုပိတ်ပင်ရန် ဥပဒေကြမ်းက ဘိုးရစ် ဂျွန်ဆင် ၏ အစီအစဉ်ကိုနှောင့်နှေးမှုဖြစ်စေလိမ့်မည်ဖြစ်သည်။

အတိုက်အခံလေဘာပါတီခေါင်းဆောင် ဂျီရီမီ ကော်ဘင်(Jeremy Corbyn) ကထိုဥပဒေကြမ်းအားအ ထွေထွေရွေးကောက်ပွဲမတိုင်မီ အတည်ပြုမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။(Xinhua)