ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ယခု ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ လားရှိုး နှင့် ကွတ်ခိုင်မြို့ ၅ မြို့၌ ၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်...
ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခိုင်မြဲသောရပ်တည်ချက်နှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးတွင် တိုးတက်မှုအသစ်ဖော်ဆောင်ရန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပြည်သူများ၏ တိုက်ပွဲကို ဆက်လက်လုပ်ဆောင်ရေး ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် လွိုင်လင်မြို့ နှင့် ကလောမြို့များတွင် စုစုပေါင်း ငွေကျပ် ၇၈.၇၂၅ ဘီလီယံ တန်ဖိုးရှိ ICE (မက်သာအဖက်တမင်း)များ အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC)မှ မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် ရွာငံမြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မတ် ၈ ရက်တွင် တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် ငွေကျပ် ၆၀,၁၈၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC)ထံမှ သိရသည်။
ရန်ကုန် ၊ မတ် ၅ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၌ ကောင်းခါးကျေးရွာ၊ လွယ်ခမ်ကျေးရွာနှင့် အနီး ပတ်ဝန်းကျင် နေရာများ၌ ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ် ၄ ရက် အထိ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ကာလတန်ဖိုး ၉၃...
နေပြည်တော်၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ်အတွင်း တပ်မတော်၊ ရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့၏ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စုစုပေါင်းတန်ဖိုးမှာ မြန်မာကျပ်ငွေ ၃၄၃ ဒသမ ၅၈ ဘီလီယံ ရှိသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ယနေ့ သတင်းစာရှင်းလင်းပွဲ၌...
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ သြဂုတ်လ ၈ ရက်တွင် စိတ်ကြွဆေးပြား ၂သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ကွန်ဟိန်းမြို့တွင် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် ငွေကျပ် ၄,၁၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဇူလိုင် ၁၂ ရက်၌ ICEအပါအဝင် မူးယစ်ဆေးဝါး ကီလို ၂၂၀၀ကျော် ဖမ်းမိရမိခဲ့ကြောင်း မူးယစ်ဆေးဝါး ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ကျပ်သိန်း ၃၈၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။