Connect with us

Myanmar

မြန်မာနိုင်ငံရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူလေးဦးအားဖမ်းဆီး

ဖမ်းဆီးရမိသူ လေးဦးနှင့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူဟု သံသယရှိသူ လေးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) က ဇူလိုင် ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့် ကားတစီးကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဇူလိုင်၃၀ ရက်က ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၂၅၀ ပြားကို သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၃၈.၇၅ သိန်းရှိကြောင်း သိရသည်။
အဆိုပါသံသယရှိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)