Connect with us

Media

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းချသည့် သံသယရှိသူ ၁၀၀ ကျော် ဖမ်းဆီးရမိ

အစ္စတန်ဘူလ်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ အစ္စတန်ဘူလ်၌ မူးယစ်ဆေးဝါးရောင်းချသူများအား နှိမ်နင်းရေး အဓိကစစ်ဆင်ရေးအတွင်း လူ ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Ali Yerlikaya က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များက မြို့တွင်း ခရိုင် ၃၉ ခုအနက် ၂၅ ခရိုင်၌ ညတွင်းချင်းဖမ်းဆီးစစ်ဆင်ရေး လုပ်ဆောင်ခဲ့ရာ သံသယရှိသူ ၁၀၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ယခင်က Twitter ဟု လူသိများသော လူမှုကွန်ရက်စာမျက်နှာ X တွင် ပြည်ထဲရေးဝန်ကြီး Ali Yerlikaya က ရေးသားဖော်ပြခဲ့သည်။ (Xinhua)

…………………………
(English Version)
Police arrest over 100 suspected drug dealers in Istanbul
Over 100 people were arrested in a major operation against drug traffickers in Istanbul, Türkiye’s largest city, Interior Minister Ali Yerlikaya said on Thursday.
Police carried out overnight raids in 25 out of 39 districts of the city, arresting 104 suspects, Yerlikaya said on the social media platform X, formerly known as Twitter.
Xinhua News Agency correspondents reporting from Istanbul, Türkiye.(XHTV)