ဒါကာ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးဝါးကြီးကြပ်ရေးက တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) မကြာသေးမီက ရုရှားသံတမန်များအား နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၈ ရက်တွင် ဥရောပနိုင်ငံများမှ သံတမန်အချို့ကို တစ်ပတ်အတွင်း ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံအရှေ့ပိုင်းအခြေအနေ ပိုမိုတင်းမာလာသည့်အချိန် ပင်လယ်နက်ရှိစစ်ရေးတည်ရှိမှုကို ရုရှားနိုင်ငံက အားဖြည့်ဆောင်ရွက်လာခဲ့သည်။ စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရန် ရုရှားကက်စပီယံစစ်သင်္ဘောအုပ်စု သင်္ဘော (၁၅)စီးသည် ဧပြီ ၁၇ ရက်က ခက်ချ် ရေလက်ကြားကို ဖြတ်သန်းပြီး ပင်လယ်နက်သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ရုရှားမြောက်ပိုင်းရေယာဉ်အုပ်စုမှ ကမ်းတက်စစ်ဆင်ရေးရေယာဉ်...
မော်စကို၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့အကြီးအကဲအနေဖြင့် ၂၀၂၄ ခုနှစ်မှစတင်၌ နောက်ထပ်သက်တမ်းနှစ်ကြိမ် ထပ်မံတာဝန်ထမ်းဆောင်နိုင်ခွင့်ရရှိရန် ဥပဒေမူကြမ်းကို ဥပဒေအဖြစ်သို့ ဧပြီ ၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ အထက်လွှတ်တော် ဖက်ဒရေးရှင်းကောင်စီက ၂၀၂၄ ခုနှစ်မှ စတင်ကာ လက်ရှိ သမ္မတပူတင်အား နောက်ထပ် သက်တမ်း နှစ်ကြိမ် တာဝန်ထမ်းဆောင်ခွင့်ပြုရန် ဥပဒေကြမ်းတစ်ရပ်အား မတ် ၃၁ ရက်တွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါ မူအရင်းအမြစ် ခြေရာခံခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၌ ပထမဆုံး လူနာ ဖော်ထုတ် တွေ့ရှိခြင်းမတိုင်မီကတည်းက နိုင်ငံများစွာတွင် ပြန့်နှံ့နေဖွယ်ရှိကြောင်း ဖော်ပြထားဟု မီဒီယာများ၏ သတင်းဖော်ပြမှုအရ သိရသည်။
မော်စကို၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် ကမ္ဘာပေါ်၌ ပထမဆုံး လူသားတွင် ကူးစက်သည့် ငှက်တုပ်ကွေးရောဂါ A(H5N8) ပိုး တွေ့ရှိကြောင်း ရုရှားနိုင်ငံကျန်းမာရေးအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပါရီ၊ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်က COVID-19 ရောဂါတိုက်ဖျက်ရေးစစ်ပွဲ အောင်မြင်မှုရရှိရန် ကမ္ဘာကြီးအတွက် တရုတ် နှင့် ရုရှားနိုင်ငံတို့ မှ ထုတ်လုပ်သော ကာကွယ်ဆေးများ လိုအပ်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဘရက်ဆဲလ်၊ ဖေဖော်ဝါရီ ၄ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဥရောပသမဂ္ဂ(အီးယူ)က တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တို့မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများ အသုံးပြုရန် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်က ထုတ်လွှင့်သည့် AFP သတင်းတစ်ပုဒ်အရ သိရသည်။
မော်စကို၊ဇန်နဝါရီ၂၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ရုရှားနိုင်ငံ၌ အတိုက်အခံများ၏ ဆန္ဒပြပွဲများတွင် ပါဝင်ပတ်သက်ခြင်းအတွက် မော်စကိုမြို့ရှိ အမေရိကန်သံရုံးအား ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ဝေဖန်လိုက်ပြီး ယင်းမှာ ရုရှားနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များသာဖြစ်ကြောင်း ဝန်ကြီးဌာနကဆိုသည်။