Connect with us

Media

ကိဗ်တွင်ရှိသည့် အမေရိကန် မှ ငွေကြေးထောက်ပံ့ထားသော ဇီဝလက်နက်ဓါတ်ခွဲခန်းများမှ သေစေနိုင်သည့်နမူနာများအားဖျက်ဆီး

မော်စကို၊ မတ် ၁၀ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင်ရှိသည့် အမေရိကန်တို့ ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်ထားသည့် ဓါတ်ခွဲခန်းများတွင် သေစေနိုင်ပြီး အန္တရာယ်ရှိ ရောဂါပိုးမွှားများအား ဖျက်ဆီးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က မတ်လ ၈ ရက်တွင်အတည်ပြုခဲ့သည်။
“ယူကရိန်း ဇီဝဓာတ်ခွဲခန်းဝန်ထမ်းတွေဆီက ကျွန်မတို့လက်ခံရရှိထားတဲ့ သက်သေ အထောက်အထားစာရွက်စာတမ်းတွေအရ အထူးသဖြင့် ပလိပ်၊ ထောင့်သန်းနာ၊ tularemia ၊ ကာလဝမ်းရောဂါနဲ့ အခြား လူကိုသေစေနိုင်တဲ့ ရောဂါတွေလိုမျိုး အန္တရာယ်ရှိရောဂါဖြစ်ပွားစေတဲ့ ပစ္စည်းနမူနာတွေကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ချက်ချင်းဖျက်ဆီးပစ်ရမယ်လို့ ဖော်ပြထားပါတယ်”ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဆိုသည်။
သူ(မ)က အဆိုပါ ဓါတ်ခွဲခန်းများ အား အမေရိကန် ကာကွယ်ရေးဌာန က ငွေကြေးထောက်ပံ့ထားခြင်းဖြစ်ပြီး ဇီဝလက်နက်အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သေစေနိုင်သည့်ပိုးမွှားများအားချက်ချင်းဖျက်ဆီးပစ်ခြင်းသည် အမေရိကန်နှင့် ယူကရိန်း အနေဖြင့် ကုလသမဂ္ဂ၏ ဇီဝလက်နက်တားဆီးပိတ်ပင်ရေးသဘောတူညီချက် အပိုဒ် ၁ ကို ချိုးဖောက်ရာရောက်သည့် သက်သေများအား ဖျောက်ဖျက်မှုဖြစ်ကြောင်း ဆိုသည်။ (Xinhua)

………………………
(English Version)
GLOBALink | Kiev destroyed deadly samples from U.S.-funded biowarfare labs: Russia
MOSCOW, March 9 (Xinhua) — The Russian Foreign Ministry confirmed on Tuesday that authorities in Kiev destroyed dangerous pathogens of deadly diseases stored in U.S.-funded laboratories in the country.
The ministry received documentation from employees at Ukrainian biological laboratories confirming the urgent destruction of dangerous pathogens such as plague, anthrax, tularemia, cholera and other deadly diseases on Feb. 24, according to a statement made by Russian Foreign Ministry Spokesperson Maria Zakharova.

She added that these laboratories were funded by the U.S. Department of Defense and were part of a biological weapons program.
According to the foreign ministry, the pathogens were immediately destroyed to hide evidence pointing to the United States and Ukraine violating Article I of the United Nations Biological Weapons Convention.

Produced by Xinhua Global Service