နယူးဒေလီ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် လေထုညစ်ညမ်းမှုအခြေအနေ ဆိုးဝါးစွာ ထပ်မံရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။ လေထုအရည်အသွေးအညွှန်းကိန်း (AQI) က နိုဝင်ဘာ ၂ ရက်တွင် နယူးဒေလီမြို့၏ နေရာတချို့၌ အမှတ် ၄၀၀ ကို ကျော်လွန်သွားခဲ့ပြီး ယင်းမှာ လေထုညစ်ညမ်းမှု...
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့နှင့် ထိစပ်နေသောခရိုင်များရှိ လေထုအရည်အသွေးမှာ နိုဝင်ဘာ ၁၅ ရက်တွင် အန္တရာယ်ရှိအဆင့်သို့ ကျော်သွားခဲ့ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများကို နှစ်ရက်ပိတ်ထားရန် ဒေသခံအစိုးရက တွန်းအားပေးထားကြောင်း ပန်ဂျပ်ပြည်နယ် ကျောင်းပညာရေးဌာနမှ ထုတ်ပြန်ထားသည့် သတိပေးချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လျက်ရှိရာ မတ် ၂၆ ရက်တွင် ပြန်လည်တိုင်းတာရာတွင် လေထုအရည်အသွေး အညွှန်းကိန်း ပြန်လည်ကောင်းမွန်လာကြောင်း ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။