ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဒေါဖုကျေးရွာအုပ်စုနှင့် ငွေတောင်ကျေးရွာအုပ်စုတို့တွင် ဧပြီ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က လေပြင်းတိုက်ခတ်ပြီး လူနေအိမ်များ၊ စာသင်ကျောင်းနှင့် စပါးကျီများ ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်း တိုင်းဒေသကြီးတွင် မိုးသက်လေပြင်း တိုက်ခတ်ကာ မိုးသီးများ ကြွေကျခဲ့မှုကြောင့် ရေဦး မြို့နယ် အတွင်းရှိ လူနေအိမ် ၆၀ ပြိုကျကာ၊ အိမ်ခြေ ၈၀၀ ကျော် အမိုးအကာ ပျက်စီးခဲ့ကြောင်း အဆိုပါ မြို့နယ်ရှိ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။