Connect with us

Environment, Disasters & Accidents

ကယားပြည်နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး

လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျသွားသော သစ်ပင်များအား ရှင်းလင်းစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဒေါဖုကျေးရွာအုပ်စုနှင့် ငွေတောင်ကျေးရွာအုပ်စုတို့တွင် ဧပြီ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က လေပြင်းတိုက်ခတ်ပြီး လူနေအိမ်များ၊ စာသင်ကျောင်းနှင့် စပါးကျီများ ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် ဒေါဖုကျေးရွာ၌ လူအိမ် ၁၂ လုံး အမိုးလန်ခြင်း၊ နေအိမ်အကာတစ်လုံး ပျက်ကျခြင်း (ဝါးထရံ)၊ စပါးကျီ ၃ လုံး ပျက်စီးခြင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း အမိုးလန်ခြင်း၊ ဆိုင်းဘုတ်လဲကျခြင်း၊ အလံတိုင် ကျိုးကျခြင်း၊ ဒေါပဲဒူကျေးရွာ၌ လူနေအိမ် သုံးလုံး အမိုးလန်ခြင်း၊ မူကြိုကျောင်း အမိုးလန်ခြင်း၊ ဘိုးလျားကျေးရွာ၌ လူနေအိမ် တစ်လုံး အမိုးလန်ခြင်း၊ ငွေတောင်ကျေးရွာအုပ်စု ဒေါခလိုက်လင်းကျေးရွာ၌ လူနေအိမ် နှစ်လုံး အမိုးလန်ခြင်း စုစုပေါင်း လူနေအိမ် ၁၉ လုံး၊ စပါးကျီ သုံးလုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် မူကြိုကျောင်း တစ်ကျောင်း ပျက်စီးဆုံးရှုံးခဲ့ခြင်းများဖြစ်ကြောင်း သိရသည်။အလားတူ ဧပြီ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စံပြ(၆)မိုင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြီးများ ကြွေကျခြင်း ဖြစ်ပွားခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ခြင်း မရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117