မဲလ်ဘုန်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဟောင်ကောင်လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ်- HX013 သည် ဒီဇင်ဘာ ၁၃ ရက်က မဲလ်ဘုန်းမြို့လေဆိပ်သို့ ဆင်းသက်ခဲ့ရာ ယင်းလေကြောင်းလိုင်းအနေဖြင့် ဟောင်ကောင်မှ မဲလ်ဘုန်းသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်သစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်ဖြစ်လာခဲ့သည်။
ရှန်ဟိုင်း ၊ မေ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီးဖြစ်သည့် C919 သည် ရှန်ဟိုင်းမြို့မှ ပေကျင်းမြို့သို့ မေ ၂၈ ရက်တွင် ပထမဆုံး စီးပွားဖြစ်ပျံသန်းမှုအား စတင်ခဲ့ပြီး အရပ်ဘက်လေကြောင်းဈေးကွက်အတွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။