Connect with us

Videos

တရုတ်နိုင်ငံ၏ C919 ခရီးသည်တင်ဂျက်လေယာဉ်ကြီး စီးပွားဖြစ်ပျံသန်းပြေးဆွဲ

ရှန်ဟိုင်း ၊ မေ ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီးဖြစ်သည့် C919 သည် ရှန်ဟိုင်းမြို့မှ ပေကျင်းမြို့သို့ မေ ၂၈ ရက်တွင် ပထမဆုံး စီးပွားဖြစ်ပျံသန်းမှုအား စတင်ခဲ့ပြီး အရပ်ဘက်လေကြောင်းဈေးကွက်အတွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။C919 စီမံကိန်းအား ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီး C919 ကို တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံး လေယာဉ် ကော်ပိုရေးရှင်း (COMAC)က ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပထမဆုံး C919 လေယာဉ်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ရှန်ဟိုင်းမြို့ရှိ ထုတ်လုပ်ရေးလိုင်းက ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
လေယာဉ်သည် ၂၀၁၇ ခုနှစ်တွင် ပွဲဦးထွက်ပျံသန်းမှုအား အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
—————————
China’s C919 jetliner goes into commercial operation
C919, China’s self-developed large passenger aircraft, kicked off its first commercial flight from Shanghai to Beijing on Sunday, marking its official entry into the civil aviation market.
The C919 project was launched in 2007.
It’s developed by the Commercial Aircraft Corporation of China (COMAC).
The first C919 aircraft rolled off the production line in Shanghai in November 2015.
The plane conducted a successful maiden flight in 2017.
Xinhua News Agency correspondents reporting from Shanghai, China.(XHTV)