နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် တရုတ် နိုင်ငံ ပေကျင်းမြို့၌ အာဆီယံ အဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံမှ သံအမတ်တို့နှင့် အောက်တိုဘာ ၂၉ ရက်တွင် တွေ့ဆုံခဲ့ကြောင်း...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖွံ့ဖြိုးတိုးတက်မှုသည် ပြဿနာအားလုံး ဖြေရှင်းရန် အဓိက သော့ချက်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၏ ဦးဆောင်မောင်းနှင်အားနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အရေးပါသော တည်ငြိမ်မှု အရင်းအမြစ်တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ် (Sergey Lavrov) တို့သည် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးအတွက် စက်တင်ဘာလ ၂၇ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးရေးရည်မှန်းချက် ထိပ်သီးအစည်းအဝေးသို့ စက်တင်ဘာ ၂၄ ရက်က တက်ရောက်ခဲ့ ကြောင်း သိရသည်။
နယူးယောက် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်စွာ ဆက်လက်ထိန်းသိမ်းထားလိုလျှင် တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက 5အပြန်အလှန်လေးစားလိုက်နာရန် နှင့် နှစ်ဖက်အကြား လူမှုရေးစနစ် နှင့်ဖွံ ့ဖြိုးရေးကို အပြန်အလှန်လေးစားရန် အလွန်အရေးကြီးကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာ...
အစ္စလာမ်မာဘတ် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် စက်တင်ဘာ ၇ ရက်က အစ္စလာမ်မာဘတ်တွင် တတိယအကြိမ်မြောက် တရုတ်-အာဖဂန်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်စဉ် အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Salahuddin Rabbaniနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြောက်ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ ၂ ရက်မှ ၄ ရက်အထိ သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ဘန်ကောက်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) နှင့် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့က အစည်းအဝေးအတွင်း သြဂုတ်လ...