Connect with us

Media

မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး မြှင့်တင်ရန် တရုတ်၊ ကမ္ဘောဒီးယား ကတိပြု

ဖနွမ်းပင်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်လောင်း ဟွန်မန်နက်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဩဂုတ် ၁၃ ရက်က တွေ့ဆုံခဲ့ပြီး တရုတ်-ကမ္ဘောဒီးယား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန် ကတိပြုခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယား-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် အထူးအလေးထားသည့်အတွက် ကျေးဇူးတင်ကြောင်း ဟွန်မန်နက်က ပြောခဲ့သည်။
ကမ္ဘောဒီးယားအစိုးရသစ်အနေဖြင့် အာဏာပါတီ၏ အဓိကမူဝါဒများအရ ပြည်တွင်း၊ ပြည်ပ မူဝါဒများ စဉ်ဆက်မပြတ် တည်ငြိမ်မှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု ဖွံ့ဖြိုးတိုးတက်လာအောင် ခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံကြား အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုကို ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟွန်မန်နက်က ပြောခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဝမ်ရိက ဟွန်မန်နက်အား ကမ္ဘောဒီးယားနိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ထောက်ခံမဲများစွာ ရရှိကာ ရွေးချယ်ခြင်းခံရသည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
တရုတ်နှင့် ကမ္ဘောဒီးယားကြား နှစ်နိုင်ငံ ခေါင်းဆောင်မျိုးဆက်များက ဂရုတစိုက် တည်ဆောက်ထားသည့် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုသည် ပြောင်းလဲနေသော နိုင်ငံတကာအခြေအနေများ၏ စမ်းသပ်မှုကို ခံယူရပ်တည်နိုင်ခဲ့သလို ချိုးဖျက်၍လည်း မရနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

၎င်းတို့နှစ်ဦးသည် နိုင်ငံစီမံအုပ်ချုပ်မှု၌ ဖလှယ်မှုနှင့် အတွေ့အကြုံ မျှဝေမှုများ အားကောင်းမှုရှိရေး၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ “တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးနှစ်” အထိမ်းအမှတ် အစီအစဉ်များစွာ အောင်မြင်မှုရှိရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှု၊ လူငယ်နှင့် ညီအစ်မမြို့များ တိုးချဲ့နိုင်ရေးနှင့် တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ပြည်သူများ၏ ထောက်ခံအားပေးမှု ပိုမိုတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

……………………………
(English Version)
China, Cambodia vow to enhance comprehensive strategic partnership of cooperation

PHNOM PENH, Aug. 13 (Xinhua) — Cambodian Prime Minister-designate Hun Manet met with visiting Chinese Foreign Minister Wang Yi here on Sunday, with the two sides pledging to promote the China-Cambodia comprehensive strategic partnership of cooperation.
Hun Manet said the realization of peace and stability in Cambodia has benefited from China’s strong support, and the rapid development it has achieved is inseparable from China’s selfless help.
He thanked China for attaching great importance to promoting the Cambodia-China comprehensive strategic partnership of cooperation.
Hun Manet said the new government of Cambodia will maintain the continuity and stability of its domestic and foreign policies in accordance with the major policies formulated by the ruling party, unswervingly develop the friendship with China, and consistently carry forward the traditional friendship between Cambodia and China.
For his part, Wang, also a member of the Political Bureau of the Communist Party of China Central Committee, congratulated Hun Manet on being elected as the leader of Cambodia’s new leadership with a high number of votes.
The traditional friendship between China and Cambodia, which has been carefully cultivated by generations of leaders of the two countries, has stood the test of changing international circumstances and remains unbreakable, he added.
The two sides should strengthen the exchanges and experience sharing in state governance, promote law enforcement and security cooperation, ensure the success of the “China-Cambodia Friendship Year” series of activities, expand the exchanges in culture, youth and sister cities between the two countries, and further consolidate public support for China-Cambodia friendship, he added.