ဆိုးလ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းသည် ဆိုးလ်မြို့ရှိ ပြည်သူ့ကျန်းမာရေးစင်တာတွင် ယနေ့ ဧပြီ ၃၀ ရက်၌ ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတ အိမ်ပြာတော်က ပြောကြားခဲ့သည်။
ဘဲလ်ဂရိတ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ဆာဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic သည် ဧပြီ ၆ ရက်က နိုင်ငံ အရှေ့ပိုင်း Majdanpek မြို့တွင် COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။
ဗျူနိုအေးရိစ်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ သမ္မတ Alberto Fernandez က ၎င်းတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ဧပြီ ၃ ရက် အစောပိုင်းက တွစ်တာပေါ်၌ ကြေညာခဲ့ကြောင်း သိရသည်။
မော်စကို ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်သည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရုရှားနိုင်ငံ ပြည်တွင်းထုတ် ကာကွယ်ဆေး သုံးမျိုးအနက် တစ်မျိုးကို မတ် ၂၃ ရက်တွင် ထိုးနှံမှုခံယူခဲ့ကြောင်း ရုရှားနိုင်ငံသမ္မတနန်းတော်(ကရင်မလင်နန်းတော်)၏ ထုတ်ပြန်ကြေညာမှုအရ သိရသည်။
အစ္စလာမ်မာဘတ် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသမ္မတ Arif Alvi နှင့် ဇနီး Samina Alvi တို့သည် မြို့တော်အစ္စလာမ်မာဘတ်တွင် မတ် ၁၅ ရက်က တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။
အက်ခ်ရာ၊ မတ် ၂ ရက် (ဆင်ဟွာ) ဂါနာနိုင်ငံ သမ္မတ Nana Addo Dankwa Akufo-Addo သည် မတ် ၁ ရက်က ဂါနာနိုင်ငံတွင် ပထမဆုံး COVID-19 ကာကွယ်ဆေးထိုးနှံသူဖြစ်လာခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုသည် တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ဂျကာတာမြို့တော်ရှိ သမ္မတနန်းတော်၌ ဇန်နဝါရီ ၂၇ ရက်က ခံယူခဲ့ကြောင်း...
ပေကျင်း ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ နောက်ဆုံးရရှိသော သတင်းအချက်အလက်များကို စုစည်းဖော်ပြလိုက်သည်။
ဝါရှင်တန်၊ဇန်နဝါရီ၁၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဝါရှင်တန်ဒီစီမြို့တော်ဝန် Muriel Bower က ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်၏ ကျမ်းသစ္စာကျိန်ဆိုပွဲနီးကပ်လာသည်နှင့်အမျှ မြို့တော်၏ လူနေရပ်ကွက်တွင် ဖြစ်လာနိုင်ခြေရှိသော တိုက်ခိုက်မှုများအတွက် စိုးရိမ်ပူပန်ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် ဒီမိုကရက်တစ်လွှတ်တော်အမတ်များက ၎င်းအား ရာထူးမှဖယ်ရှားရန် စတင်လှုပ်ရှားချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၁၂ ရက်တွင် အများပြည်သူရှေ့မှောက်ထွက်၍ ထိုသို့စွပ်စွဲပြစ်တင်ပြီး ရာထူးမှ ဖယ်ရှားရန် လုပ်ဆောင်မှုကို“ ကြောင်းကျိုးမရှိသောမိုက်မဲမှု” ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။