Connect with us

Media

ကင်ညာသမ္မတက နိုင်ငံအတွင်း တရုတ်နိုင်ငံမှ ပံ့ပိုးကူညီတည်ဆောက်နေသည့် ရေလှောင်တမံစီမံကိန်း တိုးတက်မှုရှိကြောင်း ပြောကြား

နိုင်ရိုဘီ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံသမ္မတ Uhuru Kenyatta က တရုတ်နိုင်ငံမှ ပံ့ပိုးကူညီသည့် ကင်ညာနိုင်ငံအရှေ့ပိုင်း Makueni စီရင်စုရှိ Thwake ရေလှောင်တမံစီမံကိန်းတည်ဆောက်ပြီးစီးမှု အခြေအနေများအား ပြီးခဲ့သည့် သောကြာနေ့တွင် ကြည့်ရှုစစ်ဆေးခဲ့သည်။အဆိုပါ စီမံကိန်းကို Thwake နှင့် Athi မြစ်ဆုံဒေသတွင် တရုတ်နိုင်ငံ China Gezhouba Group Corporation (CGGC) မှ အကောင်အထည်ဖော်တည်ဆောက်နေခြင်းဖြစ်ပြီး အာဖရိကတိုက်ရှိ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်နှင့် ကင်ညာနိုင်ငံအစိုးရ ရေစွမ်းအင်ဝန်ကြီးဌာနတို့မှ ရန်ပုံငွေမတည်ခဲ့ခြင်းဖြစ်သည်။

Uhuru Kenyatta က “ ဒီကနေ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် တွေ ပြောသလိုပဲ ၂၀၂၂ ခုနှစ်ဇွန်လမှာ အပြီးတည်ဆောက်အသုံးပြုနိုင်မယ်ဆိုတဲ့ ဒီရေလှောင်တမံစီမံကိန်းကိုလာလေ့လာတာပါ။ ကနဦးပြောလိုတာက ဒီစီမံကိန်းဟာ ဒေသခံပြည်သူတွေအတွက် သောက်သုံးရေရရှိအောင်‌ဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်၊ ဒုတိယအချက်အနေနဲ့ ဒီစီမံကိန်းကနေ ကွန်ဇာမှာအကောင်အထည်ဖော်ဆောင်မယ့်ICT စီမံကိန်း လုပ်ဆောင်ရာမှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကတစ်ဆင့်စိုက်ပျိုးရေရရှိစေမှာဖြစ်သလို Makueni,Machakos နှင့် Kitui စီရင်စုတွေမှာ စားနပ်ရိက္ခာဖူလုံမှုရှိစေမှာဖြစ်ပါတယ်၊” ဟုဆိုသည်။

ယခုတည်ဆောက်နေသည့်ရေလှောင်တမံစီမံကိန်းသည် Makueni စီရင်စုနှင့် အနီးဝန်းကျင်ဒေသများရှိ မိုးခေါင်ရေရှားဒေသကြီး ၌ မဟာဗျူဟာမြောက်ရေပေးဝေထောက်ပံ့နိုင်မည့်စီမံကိန်းတစ်ခုဖြစ်ပြီး ဘက်စုံသုံးဆည်ရေ ပေးဝေနိုင်ရန်၊ ရေအားလျှပ်စစ်ထုတ်လုပ်ရန်နှင့် ဆည်မြောင်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုရှိစေရန် အကောင်အထည်ဖော်ဆောင်သွားမည့် စီမံကိန်းဟုသိရသည်။

ရေစီးနှုန်းပုံမှန်ဖြစ်စေရန် Athi မြစ် အောက်ပိုင်းတွင် ရေလှောင်တမံကို တည်ဆောက်ထားခြင်းဖြစ်ပြီး ရေကြီးရေလျှံမှုနှင့်မိုးခေါင်ရေရှားမှုတို့မှ ရှောင်ရှားနိုင်ရန်ဖြစ်သည်။

ရေလှောင်တမံကြီးအား အမြင့် ၈၀.၅ မီတာအထိ တည်ဆောက်မည်ဖြစ်ပြီးတည်ဆောက်ပြီးစီးပါက ရေကုဗမီတာပေါင်း၆၈၁ သန်းခန့်သိုလှောင်ထားနိုင်မည်ဖြစ်သည်။ ထိုအထဲတွင် ကုဗမီတာပေါင်း ၆၂၅ သန်းအားလျှပ်စစ်ဓါတ်အားထုတ်လုပ်ရန်နှင့် မြစ်အထက်ပိုင်း ရှိစိုက်ပျိုးမြေများတွင် ဆည်မြောင်းကဏ္ဍအတွက်အသုံးပြုမည်ဖြစ်ကာ ‌ရေ ကုဗမီတာပေါင်း ၂၂ သန်းအား မြစ်အထက်ပိုင်းရှိစိုက်ပျိုးမြေများအတွက်ဖြန့်ဝေမည်ဖြစ်ပြီးကျန် ရေကုဗမီတာ ၃၄ သန်းအား ဒေသခံများသုံးစွဲနိုင်ရန်ဖြန့်ဝေပေးမည်ဟုလျာထားကြောင်းသိရသည်။

ရေလှောင်တမံစီမံကိန်း၏ ပထမအဆင့်တည်ဆောက်ရေးမှာ ၂၀၂၂ ခုနှစ်ကုန်ပိုင်းတွင် ပြီးစီးရန်လျာထားသည်။ လက်ရှိတွင်ရေလှောင်တမံစီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်၌ ဒေသခံပေါင်း၁,၁၆၀ဦးအား အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)
# China-backed dam project # Kenya # President Kenyatta # progress # Thwake dam #Myanmar #xinhua ……………………………………
GLOBALink | President Kenyatta hails progress made in China-backed dam project in east Kenya
NAIROBI, July 11 (Xinhua) — Kenyan President Uhuru Kenyatta on Friday hailed the Chinese-backed Thwake dam as he inspected its construction progress in Makueni County, eastern Kenya.

The project is being built by China Gezhouba Group Corporation (CGGC) at the intersection of the rivers Thwake and Athi. It has been funded by the government through the Ministry of Water in cooperation with the Development Bank in Africa.

Kenyatta said that when completed the project will boost the local economy through a irrigation plan, mitigate drought and be an answer to the perennial flood problems in the lowlands.

Thwake dam, a strategic water supply project for the large semi-arid area of Makueni County and surrounding regions, comprises a multi-purpose dam for water supply, hydropower generation and irrigation development.
It will also provide regulation of flows on Athi River downstream of the dam for flood and drought mitigation.
The completion of the 80.5-meter high multi-purpose dam will enable the storage of 681 million cubic meters of water, of which 625 million cubic meters will be used for electricity production and downstream irrigation of agricultural land, 22 million cubic meters for upstream irrigation and 34 million for human use.

Construction of the first phase of the project is expected to be completed by the end of 2022 and over 1,160 residents already have benefited from employment opportunities.
Produced by Xinhua Global Service