ဂျေရုဆလမ် ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ “အလံပြာ” လေကြောင်းတိုက်ခိုက်ရေးလေ့ကျင့်မှုအား အောက်တိုဘာ ၁၇ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။ နှစ်စဉ်ပြုလုပ်သည့် ယင်းလေ့ကျင့်မှုအား အစ္စရေးနိုင်ငံတောင်ပိုင်းရှိ Ovda လေတပ်အခြေစိုက်စခန်း၌ ပြုလုပ်ခဲ့ပြီး အမေရိကန် ၊ ဂျာမနီ ၊ အီတလီ...
ဂျေရုဆလမ် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) အစ္စရေးကာကွယ်ရေး အီလက်ထရောနစ်ကုမ္ပဏီ Elbit Systems က Apache ရဟတ်ယာဉ်များအတွက် မြင်ကွင်းစနစ်များနှင့်အတူ အမေရိကန်စစ်တပ်အား ထောက်ပံ့သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ကုမ္ပဏီက ပြောကြားခဲ့သည်။
ဂျေရုဆလမ် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ လေတပ်သည် အမေရိကန်နိုင်ငံမှ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်သစ် ၃ စင်းကို စက်တင်ဘာ ၂၆ ရက်တွင် လက်ခံရရှိကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံ၌ Adir (ဟီဘရူးဘာသာစကား၌ ခွန်အားကြီးမားသော ) ဟု လူသိများသည့် ယင်းဂျက်လေယာဉ်များသည်...
ဂျေရုဆလမ် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ တောင်ပိုင်း Soroka ဆေးဘက်ဆိုင်ရာစင်တာက ဦးခေါင်းချင်းဆက်နေသည့် တစ်နှစ်သား အရွယ်ရှိ ခေါင်းချင်းဆက် ကလေးအမြွှာကို ခွဲထုတ်သည့် ရှားပါးသည့် ခွဲစိတ်မှုတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ကြောင်း စက်တင်ဘာ ၅ ရက်တွင် ဆေးရုံက ပြောကြားခဲ့သည်။ ယင်းခွဲစိတ်မှုကို စက်တင်ဘာ...
ဒမတ်စကက်စ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံက ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်ရှိ စစ်ဖက်ဆိုင်ရာပစ်မှတ်များကို ဇူလိုင် ၁၉ ရက် ညပိုင်းတွင် ဒုံးကျည်များဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း SANA နိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဂျေရုဆလမ် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အစ္စရေးဆေးဘက်ဆိုင်ရာသုတေသီများက အမျိုးသား နှင့် အမျိုးသမီးများအကြား သွေးထဲတွင် COVID-19 ရောဂါကာကွယ်သောပဋိပစ္စည်းပမာဏ ကွဲပြားခြားနားချက်များကို တွေ့ရှိခဲ့ကြောင်း တဲလ်အဗစ်တက္ကသိုလ်(TAU)က ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဂျေရုဆလမ် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၏ မြောက်ဘက် ၆၀ ကီလိုမီတာအကွာ Binyamina မြို့ရှိ စာသင်ကျောင်းနှစ်ကျောင်း၌ COVID-19 ရောဂါကူးစက်မှု ဖြစ်ပွားကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဂျေရုဆလင် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် သစ်အဖြစ် လက်ယာယိမ်း Yamina (United Right) ပါတီမှ ခေါင်းဆောင် နက်ဖ်တာလီဘန်းနက် (Naftali Bennett) က ဇွန် ၁၃ ရက် ညပိုင်းတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဘင်ဂျမင်နေတန်ရာဟုအနေဖြင့် ၁၂ နှစ်ကြာ...