ဝါရှင်တန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ စကားစစ်ထိုးပွဲကော်မတီက အောက်တိုဘာ ၁၅ ရက်တွင်ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် သမ္မတရွေးကောက်ခံကိုယ်စားလှယ်လောင်း ဒုတိယအကြိမ် စကားစစ်ထိုးပွဲအားပယ်ဖျက်လိုက်ပြီး ကော်မတီအနေဖြင့် ယခုလ ၂၂ ရက်တွင်ကျင်းပပြုလုပ်မည့် နောက်ဆုံးအကြိမ်စကားစစ်ထိုးပွဲအပေါ် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအစိုးရက အောက်တိုဘာ ၈ ရက်၌ အီရန်နိုင်ငံ၏ ဘဏ် ၁၈ ခုအား ပိတ်ဆို့အရေးယူမှုဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီးနောက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif က အမေရိကန်နိုင်ငံ၏ ဆောင်ရွက်မှုအပေါ် အပြင်းအထန်ပြစ်တင်ဝေဖန်ကြောင်း ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) ၂၀၂၀ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဂျိုးဘိုင်ဒန်က အကယ်၍ ၎င်း၏ ပြိုင်ဘက် ရီဘတ်ပလီကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်ထံတွင် COVID-19 ရောဂါရှိနေဆဲ ဆိုပါက လာမည့် စကားစစ်ထိုးပွဲကို ကျင်းပရန် မသင့်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) COVID-19 ကူးစက်ခံရသူနှင့်ထိတွေ့မိပြီးနောက် အမေရိကန်နိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley အပါအဝင် စစ်ဦးစီးချုပ်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများသည် သီးသန့် ခွဲခြားနေထိုင်ခြင်း(Q) ဝင်ရတော့မည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ သက်ဆိုင်ရာ ညွှန်းကိန်းများ ယခုကာလများအတွင်း တစ်ကျော့ပြန် မြင့်တက်လာခဲ့ကြောင်း သိရသည်။ ယခုရက်သတ္တပတ်ကာလတွင် တစ်ရက်အတွင်း ထပ်တိုးလူနာနှင့် သေဆုံးသူ အရေအတွက် တိုးမြင့်လာသည့်အခြေအနေရှိနေပြီး ပြည်နယ် ၂၀ ကျော်တွင် တစ်ရက်အတွင်း ထပ်တိုးလူနာဦးရေ မြင့်တက်လျက်ရှိကြောင်း သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် မီယာမီပြည်နယ်တွင် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် သမ္မတလောင်း စကားစစ်ထိုးပွဲတွင် ပါဝင်ရန် စီစဉ်ထားဆဲဖြစ်ကြောင်း ထရမ့်၏ မဲဆွယ်စည်းရုံးရေးပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၅...
ဟူစတန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ အောက်တိုဘာ ၅ ရက်တွင် အဆောက်အဦ လှေကားခွင်တစ်ခု ပြိုကျမှု ဖြစ်ပွားရာ အနည်းဆုံး လူသုံးဦး သေဆုံးပြီး အခြား တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လန်နီယာထရမ့်တို့ အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေကြောင်း အောက်တိုဘာ ၃ ရက်က ဆုတောင်းသဝဏ်လွှာ ပေးပို့လိုက်ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကလေးငယ်ဆိုင်ရာသိပ္ပံအဖွဲ့အစည်း နှင့် ကလေးဆေးရုံအဖွဲ့ချုပ်တို့ ပူးပေါင်းထုတ်ပြန်ခဲ့သည့် နောက်ဆုံးကြေညာချက်အရ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ လက်ရှိချိန်အထိ အမေရိကန်နိုင်ငံတွင် ကလေးနှင့်လူငယ်ပေါင်း ၆၂၀,၀၀၀ ကျော်ရောဂါကူးစက်ခံခဲ့ရပြီး လတ်တလောရက်ပိုင်းအတွင်း ကလေးငယ်ကူးစက်ခံရမှုက ပိုမိုမြန်ဆန်လာကြောင်း သိရှိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန် က အောက်တိုဘာ ၂ ရက် ၌ လူမှုကွန်ယက်စာမျက်နှာတွင် မိမိ နှင့် ဇနီး တို့က COVID-19 ရောဂါ စစ်ဆေးရာတွင် ကူးစက်ခံရမှုမရှိကြောင်း ရေးသားဖော်ပြခဲ့သည်။