Connect with us

Media

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ဟောင်ကောင်နှင့်ပတ်သတ်သည့် ဆုံးဖြတ်ချက်ကို လေးစားရန်၊ မှားယွင်းသည့်လုပ်ဆောင်ချက်များကို ပြင်ဆင်ရန် အမေရိကန်ကို တရုတ်နိုင်ငံ တိုက်တွန်း

ပေကျင်း၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်က ဖော်ဆောင်နေသော ပင်ရင်းနေရာအမှတ်အသားထားရှိရေး လုပ်ဆောင်မှုသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများနှင့် ဆန့်ကျင်နေကြောင်း တရုတ်နိုင်ငံ ဟောင်ကောင်ဒေသမှ တရားစွဲဆိုသော အမေရိကန်၏ ပင်ရင်းနေရာအမှတ်အသားထားရှိရေးဆိုင်ရာ ကမ္ဘာ့ကုန်သွယ်ရေးအငြင်းပွားမှုဖြေရှင်းရေးကျွမ်းကျင်သူအဖွဲ့က ဒီဇင်ဘာ ၂၁ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ကျွမ်းကျင်သူအဖွဲ့၏စီရင်ခံချက်ကို လေးစားပြီး မှားယွင်းသောလုပ်ဆောင်မှုများအား လက်တွေ့ပြင်ဆင်ရန် အမေရိကန်ကို တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဒီဇင်ဘာ ၂၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ကျွမ်းကျင်သူအဖွဲ့၏မျှတမှုရှိသောစီရင်ဆုံးဖြတ်မှုကို ကြိုဆိုပါတယ်”ဟု မော်နင်ကပြောကြားခဲ့သည်။ ဟောင်ကောင်သည် သီးခြားအကောက်ခွန်နယ်မြေဖြစ်သည်ကို တရုတ်နိုင်ငံ အစိုးရက အတည်ပြုထားသလို 《တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အခြေခံဥပဒေ》က အတည်ပြုထားကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏စည်းမျဉ်းစည်းကမ်းများတွင်လည်း အတည်ပြုထားပြီးဖြစ်ရာ ၎င်းမှာ အဖွဲ့ဝင်တစ်ခုတည်းက ပေးအပ်ထားခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်က အမျိုးသားလုံခြုံရေးအနက်ကို အကျယ်ချဲ့ထွင်ပြီး ကုန်သွယ်ရေးကို နိုင်ငံရေးအသွင်ပြောင်းခြင်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်သလို မိမိ၏အကျိုးစီးပွားနှင့်လည်း ကိုက်ညီမှုမရှိကြောင်း မော်နင်က ပြောကြားခဲ့သည်။ ကျွမ်းကျင်သူအဖွဲ့၏ စီရင်ဆုံးဖြတ်ချက်ကို အမေရိကန်က လေးစားပြီး မှားယွင်းသောလုပ်ဆောင်ချက်များကို လက်တွေ့ပြင်ဆင်ဆောင်ရွက်ရန်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)ကို ဗဟိုပြုသည့် နိုင်ငံစုံကုန်သွယ်ရေးယန္တရားကို ထိန်းသိမ်းရန်၊ ပုံမှန် နိုင်ငံတကာ ကုန်သွယ်ရေးစနစ်များကို ထိန်းသိမ်းရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
“မိမိတို့အနေဖြင့် ‘တစ်နိုင်ငံ စနစ်နှစ်မျိုး’မူဝါဒကို မမှိတ်မသုန် ခိုင်မာစွာ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ပြင်ပအင်အားစုတွေရဲ့ ဟောင်ကောင်အရေးစွက်ဖက်မှုကို ခိုင်မာစွာ ဆန့်ကျင်သွားမှာ ဖြစ်တယ်။ သီးသန့်အကောက်ခွန်နယ်မြေအဖြစ် ဟောင်ကောင်ရဲ့ကာကွယ်မှုကို ထောက်ခံအားပေးသွားမှာဖြစ်သလို နိုင်ငံတကာဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး ဗဟိုအချက်အခြာအဖြစ် ဟောင်ကောင်က ခိုင်မာအောင်မြှင့်တင်ဆောင်ရွက်နေခြင်းကို အခိုင်အမာ ထောက်ခံအားပေးသွားမှာ ဖြစ်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)

(外事)外交部发言人:敦促美方尊重世贸组织涉港裁决,纠正错误做法

新华社北京12月22日电 中国香港诉美国原产地标记措施世贸争端案专家组21日发布报告,裁决美国实施的原产地标记措施规定违反世贸组织规则。外交部发言人毛宁在22日例行记者会上就此答问时表示,中方敦促美方尊重专家组裁决,采取实际行动纠正错误做法。
“中方对世贸组织专家组作出的公正裁决表示欢迎。”毛宁说,香港单独关税区地位是经中国政府同意,通过《中华人民共和国香港特别行政区基本法》确认,由世贸组织多边规则确立,不是来自某一成员的单独赋予。
毛宁表示,美方泛化国家安全概念,把贸易问题政治化,既违反世贸组织规则,也不符合其自身利益。中方敦促美方尊重专家组裁决,采取实际行动纠正错误做法,维护以世贸组织为核心的多边贸易体制,维护正常的国际贸易秩序。
“我们将坚定不移贯彻‘一国两制’方针,坚决反对外部势力干预香港事务,坚决支持香港维护单独关税区地位,坚定支持香港巩固和提升国际金融、航运、贸易中心地位。”毛宁说。(完)