ဝါရှင်တန် ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အမေရိကန်နိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၏ ဇန်နဝါရီ ၇ ရက်၌ ထုတ်ပြန်ခဲ့သည့် နောက်ဆုံးကြေညာချက်အရ ဇန်နဝါရီ ၆ ရက်တွင် အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၃ သိန်းခန့်ရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစတင်၍ တစ်နေ့အတွင်း ရောဂါထပ်မံကူးစက်ခံရသူအများဆုံးအဖြစ်...
ဝါရှင်တန်၊ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်
ပေကျင်း ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန်၌ ဇန်နဝါရီ ၆ ရက် တွင် အကြမ်းဖက်ဆန္ဒပြမှုတစ်ရပ်ဖြစ်ပွား ခဲ့ပြီး အချို့သော ဆန္ဒပြသူများက လွှတ်တော်အဆောက်အဦ အတွင်းသို့ ဝင်ရောက်၍ ရဲတပ်ဖွဲ့ဝင် နှင့် ထိပ်တိုက် ရင်ဆိုင်မှုများဖြစ်ပွားခဲ့ရာ သေဆုံးဒဏ်ရာရရှိမှုများရှိ...
ဝါရှင်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံတွင် သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသည့် ဆန္ဒပြသူများသည် လွှတ်တော်အဆောက်အဦ (Capitol) အတားအဆီးများကို ချိုးဖောက်ဝင်ရောက်ပြီး နာရီများစွာအကြာ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် အနိုင်ရမှုကို တရားဝင်လုပ်ဆောင်ရေးအတွက် လွှတ်တော်အစည်းအဝေးကို ဒေသစံတော်ချိန်...
ဝါရှင်တန်၊ဇန်ဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အီလက်တိုရယ်ကောလိပ်(Electoral College) မဲများ တရားဝင်ရေတွက်မှုလုပ်ငန်းစဉ်ကို အတင်းအကျပ်ရပ်တံ့ရန် တောင်းဆိုမှုဖြင့် အမေရိကန်နိုင်ငံ Capitol လွှတ်တော်အဆောက်အဦထဲသို့ ဆန္ဒပြသမားများစီးနင်းဝင်ရောက်ခဲ့ပြီးနောက် ယင်းလုပ်ရပ်အား “ ပုန်ကန်ထကြွခြင်း” ဟူ၍ အမေရိကန်ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်က ပြစ်တင် ရှုတ်ချပြောဆိုလိုက်သည်။
ဝါရှင်တန်၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် “အီရန်မှခြိမ်းခြောက်မှု” ကြောင့် အရှေ့အလယ်ပိုင်းဒေသ ပင်လယ်ပြင်တွင် အမေရိကန်လေယာဉ်တင်သင်္ဘော USS Nimitz အား ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ၊ ယင်းစစ်သင်္ဘောကြီး နေရပ်ပြန်ရန် အစောပိုင်းက ထုတ်ပြန်ထားသည့်အမိန့်အား ပြန်လည်ပယ်ဖျက်လိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇန်နဝါရီ ၃ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
ဟူစတန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ ဟူစတန်မြို့ကျန်းမာရေးဌာနက ဇန်နဝါရီ ၂ ရက်တွင် မြို့တော်၏ ပထမဆုံး အများပြည်သူကာကွယ်ဆေးထိုးနှံမှု နေရာကို စတင်ဖွင့်လှစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန်/ဆင်ဟွာ အမေရိကန် နိုင်ငံ ကော်လိုရာဒိုပြည်နယ် တွင် ဒီဇင်ဘာ ၂၉ ရက် ၌ ပထမဦးဆုံးသော ဗြိတိန်နိုင်ငံမှ ထုတ်ပြန်ထားသော ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ ကို စတင်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံ...
ဝါရှင်တန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဗြိတိန်နိုင်ငံ၏ ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်အသစ်ကို အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်၌ ဒီဇင်ဘာ ၂၉ ရက်တွင် ပထမဆုံး တွေ့ရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးအဆိုအရ သိရသည်။
တီဟီရန်၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အီရန် အမျိုးသားလုံခြုံရေး မျဉ်းနီလိုင်းကို ကျော်လွန်လာခြင်းမပြုရန် သက်ဆိုင်ရာနိုင်ငံများကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Khatibzadeh က ဒီဇင်ဘာ ၂၈ ရက်တွင် သတိပေး ပြောကြားလိုက်ကြောင်း Tehran Times သတင်းဖော်ပြချက်များအရ သိရသည်။