Connect with us

Media

အမေရိကန်၊ ဥရောပ ပူးပေါင်းဆောင်ရွက်မှုက အခြားတတိယအဖွဲ့အစည်းကို ဦးတည်ခြင်း မဖြစ်သင့်သလို တရုတ်နိုင်ငံကို အကြောင်းပြ၍ ထိပ်တိုက်ရင်ဆိုင်ရေးလလှုံ့ဆော်မှုများ ပို၍ မပြုလုပ်သင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန်၊ ဥရောပ ပူးပေါင်းဆောင်ရွက်မှုက အခြားတတိယအဖွဲ့အစည်းကို ဦးတည်ခြင်း မဖြစ်သင့်သလို တရုတ်နိုင်ငံကို အကြောင်းပြ၍ ထိပ်တိုက်ရင်ဆိုင်ရေးလလှုံ့ဆော်မှုများ ပို၍ မပြုလုပ်သင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက် သတင်းများအရ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် ဥရောပသမဂ္ဂ ပြည်ပလှုပ်ရှားမှုရေးရာဌာန အတွင်းရေးမှူးချုပ် Stefano Sanninoတို့က စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်-ဥရောပ အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံကို မမှန်ကန်သော ပြစ်တင်ပြောကြားချက်များအချို့ရှိခဲ့သည့်အပေါ် မည်သို့ တုံ့ပြန်လိုပါသနည်းဟု ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထို့အပေါ် “အမေရိကန်၊ ဥရောပတို့က တရုတ်ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်နေခြင်းနဲ့ တရုတ်နိုင်ငံအပေါ် အပုပ်ချပြောဆိုနေခြင်းအပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်”ဟု မော်နင်က ပြောကြားခဲ့သည်။

အမေရိကန်၊ ဥရောပသည် ကုလသမဂ္ဂပဋိညာဉ်ကို ဗဟိုပြုရေး ကာကွယ်ထိန်းသိမ်းရန် အလေးထား ပြောကြားနေသော်လည်း အမေရိကန်နှင့် အချို့ဥရောပနိုင်ငံများကပင် ကုလသမဂ္ဂပဋိညာဉ်၌ ရှင်းလင်းတိကျစွာ ရေးသားထားသော ငြိမ်းချမ်းစွာဖြင့် နိုင်ငံတကာပဋိပက္ခများအား ဖြေရှင်းရေး၊ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေး စသည့်အခြေခံမူများကို ဥပေက္ခာပြု၍ “လူ့အခွင့်အရေး”ကို အကြောင်းပြပြီး တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ အီရတ်၊ ဆီးရီးယား စသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံများအပေါ် တိုက်ခိုက်နေခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“စီးပွားရေး အကျပ်ကိုင်မှု” ဟု ဆိုရာတွင် အမေရိကန်နိုင်ငံကသာ အခြားနိုင်ငံများကို တရုတ်လုပ်ငန်းစက်ပစ္စည်းများ မသုံးစွဲရေး ပြောင်ပြောင်တင်းတင်း အကျပ်ကိုင်နေခြင်း ၊ တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများ မလုပ်ရေး စသည်တို့သည်သာ စီးပွားရေးအကျပ်ကိုင်မှု ဖြစ်ကြောင်း ၊ အမေရိကန်က CHIPS နှင့် သိပ္ပံဆိုင်ရာ ဥပဒေ ထုတ်ပြန်ခြင်းသည် မဟာမိတ်များနှင့်ပူးတွဲ၍ တရုတ်နိုင်ငံအပေါ် စီးပွားရေး အနိုင်ကျင့်ဗိုလ်ကျမှု လုပ်နေခြင်း၊ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်အောင် အတင်းအကျပ်လုပ်ဆောင်ခြင်းကသာ စီးပွားရေးအကျပ်ကိုင်မှု ဖြစ်ကြောင်း ၊ အမေရိကန်သည် ငွေကြေးဖောင်းပွမှု လျှော့ချရေးဥပဒေဖြင့် ဥရောပတိုက်ရှိ လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုလိုင်းများကို အမေရိကန်သို့ ရွှေ့ပြောင်းအောင် ဖိအားပေးနေခြင်းကသာ စီးပွားရေးအကျပ်ကိုင်မှု ဖြစ်ကြောင်း မော်နင်က ဆိုသည်။

“နိုင်ငံတကာအသိုက်အဝန်းမှာ တာဝန်ယူမှုရှိသူတစ်ဦးအနေနဲ့ တရုတ်နိုင်ငံက ကမ္ဘာ့ငြိမ်းချမ်းရေးရဲ့ တည်ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အကျိုးဆောင်သူ၊ နိုင်ငံတကာစည်းမျဉ်းစနစ်များရဲ့ ကာကွယ်ထိန်းသိမ်းသူ အဖြစ် အစဉ်အမြဲ ရှိနေခြင်းကို နိုင်ငံအသိုက်အဝန်းက မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်”ဟု မော်နင်က ပြောကြားခဲ့သည်။

“အမေရိကန်၊ ဥရောပ ပူးပေါင်းဆောင်ရွက်မှုဟာ အခြားတတိယအဖွဲ့အစည်းအား ဦးတည်ပစ်မှတ်ထားတာ မဖြစ်သင့်သလို တရုတ်နိုင်ငံကို အကြောင်းပြပြီး ထိပ်တိုက်ရင်ဆိုင်ရေး လှုံ့ဆော်မှုတွေ ပို၍ မလုပ်သင့်ပါဘူး”ဟု မော်နင်က ပြောကြားခဲ့သည်။
အမေရိကန်၊ ဥရောပသည် နိုင်ငံတကာ၏အရေးကြီး အင်းအားစုဖြစ်ရာ တာဝန်ယူမှုကို အခြေပြု၍ ကမ္ဘာ့တည်ငြိမ်ရေးနှင့်စည်ပင်သာယာဝပြောရေးအတွက် အကျိုးရှိမှုများကိုသာ လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
……………………………………

(Chinese Version)

外交部发言人:美欧合作不应针对第三方,更不应拿中国说事挑动对抗

新华社北京12月5日电(记者成欣)外交部发言人毛宁5日表示,美欧合作不应针对第三方,更不应拿中国说事,挑动对抗。
当日例行记者会上,有记者问:据美国国务院网站消息,2日,美国常务副国务卿舍曼同欧盟对外行动署秘书长萨尼诺举行第四轮美欧中国问题高层对话,在一些问题上对中国发表不实指责。发言人对此有何回应?
“中方坚决反对美欧干涉中国内政、对中方进行污蔑抹黑。”毛宁说。
她说,美欧强调维护《联合国宪章》中心地位,但正是美国和一些欧洲国家无视《联合国宪章》明确规定的和平解决国际争端、不干涉内政等原则,以“人权”为借口干涉中国内政,甚至对伊拉克、叙利亚等主权国家大打出手。
毛宁说,说到“经济胁迫”,美国公然胁迫其他国家不得使用中国企业设备,不得同中方开展合作,才是经济胁迫;美国推出《芯片与科学法》,联合盟友对中国搞经济霸凌,强制推动“脱钩断链”,才是经济胁迫;美国以《通胀削减法》迫使欧洲企业将生产线转移至美国,才是经济胁迫。
“作为国际社会负责任的一员,中国始终是世界和平的建设者、全球发展的贡献者、国际秩序的维护者,这一点国际社会有目共睹。”毛宁说。
“美欧合作不应针对第三方,更不应拿中国说事,挑动对抗。”她说,美欧都是国际重要力量,应当本着负责任态度多做有利于世界稳定与繁荣的事情。(完)