ကိုပင်ဟေဂင် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) စက်တင်ဘာ ၂ ရက်က ဒိန်းမတ်နိုင်ငံ အလည်အပတ်ခရီးစဉ်အား ဖျက်သိမ်းခဲ့လင့်ကစား အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား ဒိန်းမတ်ပြည်သူရာပေါင်းများစွာသည် ယင်းနေ့တွင် စုဝေးဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဒမတ်စကတ်စ် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Idlib ပြည်နယ်၌ သူပုန်တပ်မှူးများ အစည်းအဝေးပြုလုပ်သည့် နေရာအား ပစ်မှတ်ထား၍ သြဂုတ် ၃၁ ရက်တွင် အမေရိကန်ဦးဆောင်သောတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့စဉ်အတွင်း အဓိကသူပုန်တပ်မှူးများအပါအဝင် သူပုန်တပ်ဖွဲ့ဝင် ၅ဝ ဦးခန့်သေဆုံးသွားကြောင်း စစ်ဘက်ဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုက ဆိုသည်။
ဟူစတန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတက္ကဆက်စ်ပြည်နယ် Midland-Odessa နယ်မြေတွင် သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၅ ဦးသေဆုံးပြီး အနည်းဆုံး ၂၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ဆိုသည်။
ဝါရှင်တန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အယ်လ်ဘားမားပြည်နယ်တွင် အထက်တန်းကျောင်းတစ်ကျောင်းတွင် သြဂုတ် ၃၀ ရက် ညနေပိုင်းက ဘောလုံးပွဲ ကျင်းပခဲ့ရာ အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြား လူ ၁၀ ဦးထက်မနည်း သေနတ်ပစ်ခံရကာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့...
လန်ဒန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် မကြာမီကျင်းပတော့မည့် G7 အစည်းအဝေးမတိုင်မီ နိုင်ငံခြားရေးမူဝါဒနှင့် ကမ္ဘာ့ကုန်သွယ်ရေး ကိစ္စရပ်များအား သြဂုတ်လ ၂၃ ရက်က...
ကဘူးလ်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်စစ်သား ၂ ဦး ကျဆုံးခဲ့ကြောင်း နေတိုး (NATO) ဦးဆောင်သည့် Resolute Support (RS) က သြဂုတ်လ ၂၂ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။
ဝါရှင်တန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ အထူးကိုယ်စားလှယ် စတီဖန်ဘီဂန် (Stephen Biegun) သည် လာမည့် သီတင်းပတ်အတွင်း ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၁၆ ရက်တွင် ပြောကြားလိုက်သည်။
တီဟီရန် ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ဗြိတိန် နိုင်ငံ က သြဂုတ်လ ၁၅ ရက် ၌ အီရန် နိုင်ငံ ၏ ရေနံတင် သင်္ဘော အား ပြန်လည် လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ပြီး နောက်တွင် အီရန် နိုင်ငံခြားရေး ဝန်ကြီး...
ဝါရှင်တန်၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့ပိုင်း ပင်ဆဲလ်ဗေးနီးယား(Pennsylvania)ပြည်နယ် ဖီလာဒဲလ်ဖီးယား (Philadelphia)မြို့တွင် သြဂုတ် ၁၄ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒိုဟာ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နှင့် အာဖဂန် တာလီဘန်တို့၏ ၈ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို ကာတာနိုင်ငံ မြို့တော် ဒိုဟာ တွင် ကျင်းပခဲ့ရာ သြဂုတ် ၁၂ ရက်တွင် ကျင်းပပြီးဆုံးခဲ့ကြောင်း သိရသည်။