Connect with us

Media

ရုရှားအပေါ် သီးသန့် ဒဏ်ခတ် ပိတ်ဆို့မှု သည် အမေရိကန်၏ စံနှုန်းနှစ်ခွမူဝါဒကို ဖော်ပြရာရောက်ကြောင်း ကျွမ်းကျင်သူများဆို

ဘေရွတ်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ က ယူကရိန်းနိုင်ငံသို့ အထူးစစ်ဆင်ရေးစတင်ဆင်နွှဲစဉ်ကတည်းက အနောက်နိုင်ငံများသည် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
ထိုသို့လုပ်ဆောင်ရာတွင် ကြီးမားသည့် အကျိုးသက်ရောက်မှုများနှင့် မမျှော်လင့်နိုင်သည့် အကျိုးဆက်များဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာသူများက သတိပေးခဲ့ကြပြီး အချို့က အမေရိကန် နိုင်ငံ၏ ဒဏ်ခတ် ပိတ်ဆို့မှုများသည် ရုရှားနိုင်ငံ၏ အခြား ကဏ္ဍများအပေါ် အကျိုးသက်ရောက်မှုများစွာ ရှိလာနိုင်ကြောင်းကို သံသယများ တိုးပွားခဲ့ကြသည်။
ဘေရွတ် အခြေစိုက် လုံခြုံရေးလေ့လာသုံးသပ်သူ Najib Malaeb က
“ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုရှားနိုင်ငံရဲ့ ဘဏ်အချို့အပေါ် လုပ်ဆောင်တာကိုတွေ့ရပါတယ်၊ ဘဏ်အားလုံးကိုတော့လုပ်တာမဟုတ်ပါဘူး၊ SWIFT ရဲ့ ဒဏ်ခတ် ပိတ်ပင်မှုတွေထဲမှာ ရုရှားနိုင်ငံရဲ့ ရေနံနဲ့ ဓါတ်ငွေ့ က ရရှိတဲ့ ငွေတွေ မပါဝင်ပါဘူး။ သူတို့ (အမေရိကန်) တွေဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရွေးချယ်လုပ်ဆောင်တာဖြစ်ပြီး အမေရိကန် နဲ့ ဥရောပတိုက်နိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက်သာ ရည်ရွယ်လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်” ဟုဆိုသည်။
“ပါကစ္စတန်နိုင်ငံ Global Village Space မှ အယ်ဒီတာ Najma Minhas က
“အမေရိကန်ဟာ သူတို့နိုင်ငံအတွက် လုံးဝ သက်ရောက်မှု မရှိနိုင်တဲ့အရာတွေအပေါ်မှာပဲ ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကိုလုပ်ဆောင်ဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်၊
ရုရှားနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ယူရေနီယံထောက်ပံ့ပေးတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။
နောက်ပြီး တကယ်တန်းတော့ ရုရှားနိုင်ငံက အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းရဲ့ ယူရေနီယံ လိုအပ်ချက် ၅၀ ရာခိုင်နှုန်း(နီးပါး) ကို ထောက်ပံ့ပေး တာပါ၊
နောက်ပြီး (အမေရိကန်နိုင်ငံ) က သူတို့ရဲ့ နျူကလီးယား စက်ရုံတွေကို လည်ပတ်ဖို့ အဲဒီကနေမှ လျှပ်စစ်ဓါတ်အားတွေ ရရှိဖို့ အဲဒီ ယူရေနီယံတွေကို လိုအပ်ပါတယ်။
ဒီတော့ အမေရိကန်နိုင်ငံကို တိုက်ရိုက်ထိခိုက်စေမယ့် ကိစ္စတွေ ဆိုရင် သူတို့ဟာ ပိတ်ဆို့မှု‌တွေလုပ်ဆောင်ခြင်းမရှိပါဘူး။
နောက်ပြီး အခြားတစ်ဖက်က ဆိုရင် လည်း ဥရောပတိုက်နိုင်ငံတွေဟာ ရုရှားနိုင်ငံအပေါ် သဘာဝဓါတ်ငွေ့ အတွက် ၄၀ ရာခိုင်နှုန်းလောက်မှီခိုနေရတယ်လို့ ယူဆရတာကြောင့် အဲဒါတွေဟာအလိုအလျောက်ရပ်တန့်သွားမှာပါ” ဟုဆိုသည်။

ဆင်ဟွာသတင်းထောက်များသည် ဘေရွတ် နှင့် အစ္စလာမာဘတ် တို့မှ သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ (Xinhua)

…………………..
(English Version)

U.S. selective in imposing sanctions on Russia, showing double standards: experts
Beirut/Islamabad
Since the start of Russia’s special military operation in Ukraine, Western countries have imposed batches of sanctions on Russia.
Analysts have warned of potential huge consequences and spillovers, and some have raised doubts over the specific sectors in Russia subject to the sanctions by the U.S.
SOUNDBITE 1 (Arabic): NAJIB MALAEB, Beirut-based security analyst and commentator
“We saw that sanctions were on some Russian banks, not all banks. Banks that cover proceeds from oil and gas in Russia were not subject to SWIFT sanctions. They (the U.S.) were being selective in imposing sanctions in respect for the interests of the U.S. and Europe.”

SOUNDBITE 2 (English): NAJMA MINHAS, Editor at Global Village Space in Pakistan
What’s interesting about the United State’s sanctions is they are all sanctions on things that don’t really matter to the United States.
Russia is one of the world’s largest suppliers of uranium.
And it actually gives (nearly) 50% of the USA’s own requirements for uranium.
And it (the U.S.) needs those to run its nuclear power plants from where it gets its electricity from.
So on issues which actually matter directly to the United States, the U.S. hasn’t imposed a ban.
Yet on the other hand, it expects that European countries, which let’s say are 40% dependent on Russia for its natural gas, that they should stop those automatically.
Xinhua News Agency correspondents reporting from Beirut/Islamabad.
(XHTV)