ပေကျင်း ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အိုလံပစ်အလံအား ၂၀၂၆ အိုလံပစ်ဆောင်းရာသီပြိုင်ပွဲ လက်ခံကျင်းပမည့် မီလန်မြို့ နှင့် Cortina d’Ampezzo မြို့များ၏ မြို့တော်ဝန်များထံသို့ အသီးသီးလွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာနသည် လမျက်နှာပြင်ပေါ်တွင် မြင်တွေ့ရသော Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်တွင် လွှင့်ထူထားသော တရုတ်နိုင်ငံအလံဓာတ်ပုံများကို ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ခြေသုတ်ဖုံပေါ်မှာ အိန္ဒိယ နိုင်ငံတော် အလံကို ထည့်သွင်း အသုံးပြုကာ ရောင်းချခဲ့ပြီး အိန္ဒိယနိုင်ငံအား ဂုဏ်သိက္ခာ ကျဆင်းစေသည့်အတွက် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆက်ရှ်မာဆွာရတ်ကို အွန်လိုင်း ဈေးကွက်ကြီး တစ်ခု ဖြစ်သော အမေဇုံ (Amazon) တောင်းပန်လိုက်သည်။