ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် အီတလီနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani နှင့် စက်တင်ဘာ ၄ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက...
ကျိန့်ကျိုး၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) အလေးချိန် တန်၂,၃၀၀၊ အရှည် ၁၃၈ မီတာ ရှိသော ဥမင်လိုဏ်ခေါင်းတူးစက်(TBM)ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်တွင် တည်ဆောက်လျက်ရှိသည်။ ၎င်းကို ဩဂုတ်လတွင် အီတလီနိုင်ငံသို့ တင်ပို့သွားရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua) ……………………….. (English Version)...
ကွမ်ကျိုး၊ မေ ၁၆ ရက် (ဆင်ဟွာ) မော်တော်ကားများ အတက်/အဆင်း ပြုလုပ်နိုင်သော ခရီးသည်တင်ဇိမ်ခံသင်္ဘော Moby Fantasy သည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးပြည်နယ်မှ အီတလီနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ Guangzhou Shipyard International ကုမ္ပဏီလီမိတက်က ကိုယ်တိုင်တည်ဆောက်ထားသော အဆိုပါ ပင်လယ်ကူးသင်္ဘောကြီးသည် ခရီးသည်ပေါင်း...
ရောမ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်၌ ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသော ရေယာဉ်နစ်မြုပ်မှုသည် ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းအထိဆိုလျှင် သေဆုံးသူ ၆၃ ဦးအထိ မြင့်တက်လာပြီး အခြား အသက်ရှင်ကျန်ရစ်သူ ၈၁ ဦး၊ ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ...
အီတလီနိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း အစွန်းရောက်ရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးထုတ်ကုန်များအပေါ် ဆိုးရွားစွာ ထိခိုက်မှုရှိခဲ့ကြောင်းနှင့် ယင်းနှစ်သည် စံချိန်တင်အပူဆုံးနှစ်လည်းဖြစ်ကြောင်းသိရသည်။ (Xinhua) xhtxs.cn/Dao ————————— #ExtremeWeather had serious impact on Italy’s agricultural production in 2022, hottest year on record...
Siena ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) နှစ်စဉ် သြဂုတ်လသည် အီတလီနိုင်ငံ၏ “နိုင်ငံတော်အားလပ်ရက်” ဖြစ်ရာ ဒေသခံပြည်သူများက ယင်းကာလအတွင်း ၎င်းတို့ကိုယ်စီ အမျိုးမျိုးသော အားလပ်ရက်အချိန်များကို ကုန်ဆုံးကြလေ့ရှိသည်။ ဒေသတွင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ ယခုနှစ် ယင်းကာလအတွင်း ခရီးသွားလာကြသည့် အီတလီနိုင်ငံသားပေါင်း ၁၀ သန်းခန့်ရှိကြောင်း သိရသည်။...
အီတလီနိုင်ငံ၌ ရာသီဥတုပြောင်းလဲမှုများကြောင့် ရေခဲမြစ်ပေါင်း ၂၀၀ ကျော်ပျောက်ကွယ်သွားခဲ့ကြောင်း သိရသည်။ (Xinhua) ……………………………….. (English Version) Over 200 major glaciers disappear in Italy due to changing climate: research xhtxs.cn/yve Photo provided by...
အီတလီနိုင်ငံ သမ္မတက ဝန်ကြီးချုပ် Mario Draghi ၏ ရာထူးမှနုတ်ထွက်မှုကို ပယ်ချခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/xrl ………………………………….. (English Version) Italian president rejects PM Mario Draghi’s resignation xhtxs.cn/xrl Photo 1 : Italian...
တာရန်တို၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ယခုရက်ပိုင်းများတွင် အီတလီနိုင်ငံ တောင်ပိုင်း အဓိကကျသော ပင်လယ်ဆိပ်ကမ်း ဖြစ်သည့် တာရန်တိုတွင် အထူး စည်ကားနေသည်။ ပင်လယ်ပြာပြာ မိုးသားကောင်းကင်အောက်ရှိ ပင်လယ်ရေပြင်ပေါ်တွင် MingYang Smart Energy Group Limitedက လေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ပစ္စည်းများ တပ်ဆင်နေခြင်း ဖြစ်သည်။...
ပါရီ ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ နှင့် ပါရီ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲများကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တင်ဆက်ကပြသည့် အထူးယဉ်ကျေးမှုဖျော်ဖြေပွဲအစီအစဉ်တစ်ခု၏ မြင်ကွင်းပုံရိပ်များကို တရုတ်လပြက္ခဒိန် (ကျားနှစ်) ၏ ပထမဆုံးရက်ဖြစ်သော ဖေဖော်ဝါရီ ၁ ရက်တွင် ပြင်သစ်နိုင်ငံ၏ TV5 Monde...