ရောမ ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းက ရှိနေခဲ့ပြီးဖြစ်ရာ ယင်းမှာ တရုတ်နိုင်ငံတွင် ပထမဆုံး စတင်တွေ့ရှိမှုထက် သုံးလ ပိုစောကြောင်း မီလန်မြို့ရှိ အမျိုးသားကင်ဆာဌာန(INT) ၏ နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုအရ သိရသည်။
ရောမ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် ကိုဗစ် ဒုတိယလှိုင်းကို ရင်ဆိုင်ရာတွင် ပို၍တင်းကျပ်သော ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် ရှိကြောင်း အီတလီနိုင်ငံ ဝန်ကြီးချုပ် Giuseppe Conte က နိုဝင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။
ရောမ၊အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) အီတလီနိုင်ငံတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုများ ပိုမိုအားကောင်းစေရန် နည်းလမ်းသစ်များ ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အီတလီ ဝန်ကြီးချုပ် Giuseppe Conteက အောက်တိုဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။
ရောမ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အီတလီနိုင်ငံတွင် အောက်တိုဘာ ၉ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ၅,၃၇၂ ခုဖြင့် မှတ်တမ်းဝင်ခဲ့ကြောင်း အီတလီ ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။
ရောမ ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အီတလီ နိုင်ငံအစိုးရ၏ အောက်တိုဘာ ၇ ရက်က နောက်ဆုံးထုတ်ပြန်ကြေညာခဲ့သည့် ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုကို အရှိန်မြှင့်တင်ကြောင်း နှင့် နိုင်ငံတော် အရေးပေါ်အခြေအနေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁...
ရောမ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အီတလီနိုင်ငံတွင် သန်းနှင့်ချီသော အထက်တန်း၊အလယ်တန်းနှင့် မူလတန်းကျောင်းသားကျောင်းသူများသည် ရောဂါကာကွယ်ရေးအတွက် ၆ လကြာ အိမ်တွင်းအောင်းနေမှုများကို စက်တင်ဘာ ၁၄ ရက်တွင် အဆုံးသတ်ခဲ့ပြီးနောက် စာသင်ကျောင်းများသို့ အသီးသီး ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြောင်း သိရသည်။
ရောမ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) အီတလီနိုင်ငံတွင် COVID-19ရောဂါလူနာအရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၁,၆၄၀ဦး လျော့နည်းလာရာ စုစုပေါင်းလူနာ ၂၈,၉၉၇ ဦး အထိကျဆင်းလာကြောင်း ၊ ၎င်းမှာ မတ် ၁၈ ရက်နောက်ပိုင်းကာလများတစ်လျှောက် လူနာအရေအတွက် ပထမဆုံးအကြိမ် ၃၀,၀၀၀ အောက်သို့ ကျဆင်းခြင်းဖြစ်ကြောင်း အီတလီမြို့ပြကာကွယ်ရေးဌာန၏ ဇွန် ၁၂...
ရောမ၊ ဇွန် ၁ ရက်(ဆင်ဟွာ) အီတလီနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေသော လူနာအရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၁,၆၁၆ ဦး လျော့နည်းခဲ့ပြီး ယခုအခါ ၄၂,၀၇၅ ဦး အထိ ကျဆင်းသွားခဲ့ကြောင်း အီတလီ မြို့ပြကာကွယ်ရေးဌာနက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ရောမ၊ မေ ၂၄ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ ရောမမြို့ရှိ Palazzo Colonna အဆောက်အဦအား မေ ၂၃ ရက်တွင် အများပြည်သူလည်ပတ်ကြည့်ရှုနိုင်ရန် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ရောမ၊ မေ ၂၀ ရက်(ဆင်ဟွာ) အီတလီနိုင်ငံတွင် မေ ၁၉ ရက်က COVID-19 ကူးစက်ခံရသူ ၈၁၃ ဦးရှိပြီး စုစုပေါင်း အတည်ပြုလူနာ ၂၂၆,၆၉၉ ဦး ၊ အသစ်ထပ်တိုးသေဆုံးသူ ၁၆၂ ဦးနှင့် စုစုပေါင်းသေဆုံးသူ ၃၂,၁၆၉ ဦး ၊ အသစ်ထပ်တိုး ရောဂါကုသပျောက်ကင်းသွားသူ...