ကိုလံဘို၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားတိုင်း၏ ကျန်းမာကြံ့ခိုင်မှုမြင့်မားရေး ပဏာမခြေလှမ်းသစ် တစ်ရပ်အဖြစ် စာသင်ကျောင်းများ၌ ကျောင်းနေအရွယ်ကလေးများအားလုံးကို နေ့စဉ် အားကစား လေ့ကျင့်ခန်းအစီအစဉ်များ စတင်လုပ်ဆောင်စေမည်ဖြစ်ကြောင်း သီရိလင်္ကာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ဩဂုတ် ၂၃ ရက်၌ ပြောကြားမှုအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဥဇဘက် ကစ္စတန်နိုင်ငံ တာ့ရှ်ကင်းမြို့၌ ကျင်းပသည့် (၄၉) ကြိမ်မြောက် အာရှ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ကစားသမား နန့်လောင်ခမ်းက ရွှေတံဆိပ်ဆု ဆွတ်ခူးပြီး ကစားသမား ထွန်းမင်းက ငွေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။