ကွီတို၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် မြို့တော်ကွီတို၌ တရုတ်နိုင်ငံ Sinovac Biotech Ltd နှင့် ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းမှု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဖက်စလုံးမှ အီကွေဒေါတွင် ကိုဗစ်နှင့်အခြားကာကွယ်ဆေးများ ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် သဘောတူခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှစပြီး အသက် ၃ နှစ်မှ ၁၁ နှစ်အရွယ် လူအုပ်စုများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရေးလုပ်ငန်းများကို ဘက်စုံစတင်ခဲ့ရာ ဒီဇင်ဘာ ၈ ရက် ၁၆ နာရီထိတွင် ပေကျင်းမြို့၌ အဆိုပါလူအုပ်စု၏...
ပေကျင်း၊အောက်တိုဘာ ၂၁ရက်(ဆင်ဟွာ) ကိုယ်ခံအား အတားအဆီး ပိုမို ခိုင်မာစေဖို့ လက်ရှိ တရုတ်နိုင်ငံ ပေကျင်းမြို့ ဒေသအသီးသီးတွင် အားဖြည့် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ စတင်လျက်ရှိကြောင်း သိရသည်။ လက်ရှိအဆင့်တွင် ရောဂါကူးစက်ပြန့်ပွားနိုင်မှုအန္တရာယ်မြင့်မားသည့် အဓိက လူအုပ်စုများကို ဦးတည်၍ လုပ်ငန်းဌာနအသီးသီးမှတစ်ဆင့် တစ်စုတစ်စည်းတည်း ကာကွယ်ဆေးထိုးနှံရန် စီစဉ်ပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံထားသည့်အချိန်ကြာလာသည်နှင့်အမျှ အချို့ကာကွယ်ဆေးထိုးနှံပြီးသူများ၏ ကိုယ်ခံအားလျော့နည်းလာခြင်းကြောင့်...
ဘဂ္ဂဒတ် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ၏ ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးတွင် တွန်းအားပေးရန် တရုတ်နိုင်ငံအစိုးရမှ ပေးအပ်လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ်ကို အီရတ်နိုင်ငံက ကြာသပတေးနေ့တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဆန်တီယေဂို၊ မတ် ၂၂ ရက်(ဆင်ဟွာ) ချီလီနိုင်ငံ မြို့တော် ဆန်တီယေဂိုသို့ မတ် ၂၁ ရက်က Sinovac ကိုဗစ်ကာကွယ်ဆေး ရောက်ရှိခဲ့ကြောင်း သိရသည်။ ချီလီကျန်းမာရေးဝန်ကြီး Paris ၊ ချီလီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Niu Qingbaoတို့က လေဆိပ်သို့ သွားရောက်၍ ပို့ဆောင်လာသည့် ကာကွယ်ဆေးများကို လက်ခံခဲ့သည်။
ဂျီနီဗာ၊ မတ် ၁၈ ရက်(ဆင်ဟွာ) နိုင်ငံများက ကြိုတင်ကာကွယ်သည့်အနေဖြင့် AstraZeneca ကိုဗစ်ကာကွယ်ဆေး အသုံးပြုမှုကို ယာယီရပ်ဆိုင်းခဲ့သော်လည်း အဆိုပါကာကွယ်ဆေး၏ကပ်ရောဂါတိုက်ဖျက်ရေးထိရောက်မှုက ဖြစ်နိုင်သည့် အန္တရာယ်ထက်ပိုများခြင်းကြောင့် ကာကွယ်ဆေးဆက်လက်အသုံးပြုရန် အကြုံပြုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
လန်ဒန်၊ မတ် ၁၈ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် မတ် ၁၆ ရက်အထိ ကိုဗစ်ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံပြီးသူ (၂၅,၂၇၃,၂၂၆)ဦး ရှိရာ စုစုပေါင်းလူဦးရေ၏ သုံးပုံတစ်ပုံကျော်က ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၁၇ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
အစ္စလာမ်မာဘတ်၊မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက ပေးအပ်လှူဒါန်းသော COVID-19 ကာကွယ်ဆေးဒုတိယအသုတ်ကို ပါကစ္စတန်နိုင်ငံက မတ် ၁၇ ရက်တွင် လက်ခံရရှိခဲ့ပြီး ယင်းကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်အနီးရှိ Noor Khan လေတပ်အခြေစိုက်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသမ္မတ Arif Alvi နှင့် ဇနီး Samina Alvi တို့သည် မြို့တော်အစ္စလာမ်မာဘတ်တွင် မတ် ၁၅ ရက်က တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။
အာဒစ် အာဘာဘာ၊ မတ် ၁၄ ရက်(ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ မြို့တော် အာဒစ်အာဘာဘာတွင် ဆေးဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု အခမ်းအနားအား တက်ရောက်နေသည်ကို မတ် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ မြို့တော် အာဒစ်အာဘာဘာတွင် ဆေးဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု အခမ်းအနားအား တက်ရောက်နေသည်ကို မတ် ၁၃ ရက်က...