Connect with us

Europe

ဗြိတိန်နိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံကျော်က ကိုဗစ်ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံပြီးဖြစ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးစင်တာ၏ဆိုင်းဘုတ်ဘေးတွင် အမျိုးသားတစ်ဦး ဖြတ်သန်းသွားလာနေသည်ကို မတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ မတ် ၁၈ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် မတ် ၁၆ ရက်အထိ ကိုဗစ်ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံပြီးသူ (၂၅,၂၇၃,၂၂၆)ဦး ရှိရာ စုစုပေါင်းလူဦးရေ၏ သုံးပုံတစ်ပုံကျော်က ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၁၇ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

“လက်ရှိ ဗြိတိန်မှာ အသုံးပြုနေတဲ့ ကာကွယ်‌ဆေးဟာ ဘေးကင်းထိရောက်မှုရှိတယ်။ပြီးတော့ ကာကွယ်ဆေးထိုးတဲ့သူက ပိုများလာတယ်။ ကူးစက်မှုအန္တရာယ်လည်း နည်းသွားတယ်”ဟု ဗြိတိန် ကျန်းမာရေးဝန်ကြီး Matt Hancockက မတ် ၁၇ ရက် ကပ်ရောဂါဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 ဗြိတိန်၏ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွင် အသက်အရွယ်ကြီးသူ၊ ကျန်းမာရေးစောင့်ရှောက်မှုဂေဟာတွင် နေထိုင်သူ၊ ဆေးကုသရေးတွင် ရောဂါကူးစက်ရန်လွယ်ကူသောလူအုပ်စုများကို ဦးစားပေးထိုးနှံပေးခြင်းဖြစ်သည်။ ကာကွယ်ဆေးထိုးနှံပေးသည့်အစီအစဉ် ရှေ့တိုးဆောင်ရွက်နိုင်လာသည်နှင့်အမျှ မတ် ၁၇ ရက်မှစ၍ ကျန်းမာရေးဌာနများတွင် အသက် (၅၀)နှစ်နှင့် အထက် ရှိသော လူအုပ်စုများကို သက်ဆိုင်ရာ ကာကွယ်ဆေးထိုးနှံပေးရေးနေရာများသို့ သွားရောက်၍ ကာကွယ်ဆေးထိုးနှံကြရန် ကျန်းမာရေးဌာနက စတင် ဖိတ်ကြားလျက်ရှိကြောင်း Matt Hancockက ဆိုသည်။ နောက်ဆုံးရ ကိန်းဂဏန်းများအရ ဗြိတိန်နိုင်ငံတွင် မတ် ၁၇ ရက်က အသစ်ထပ်တိုးအတည်ပြုလူနာ (၅,၇၅၈)ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ (၄,၂၇၄,၅၇၉)ဦး ၊ အသစ်ထပ်တိုးသေဆုံးသူ (၁၄၁)ဦးနှင့် စုစုပေါင်း သေဆုံးသူ (၁၂၅,၈၃၁)ဦး ရှိကြောင်း သိရသည်။ (Xinhua)

———————————————
(Chinese Version)

(国际疫情)英国超过三分之一人口已接种第一剂新冠疫苗

 新华社伦敦3月17日电(记者张家伟 金晶)英国卫生部门17日公布的统计数据显示,截至16日,该国已有25273226人接种了第一剂新冠疫苗,超过总人口的三分之一。

 英国卫生大臣马修•汉考克在17日的疫情发布会上说,英国当前使用的新冠疫苗安全有效,且随着越来越多人接种疫苗,人们感染病毒的风险也会降低。

 英国的新冠疫苗接种项目优先为高龄人士、护理院中的居住者、临床上易感人群等接种。汉考克说,随着疫苗接种项目的推进,从17日起,卫生部门开始邀请50岁及以上人群前往相关地点接种疫苗。

 据最新数据,英国17日新增新冠确诊病例5758例,累计确诊4274579例;新增死亡病例141例,累计死亡125831例。(完)
图说1:3月16日,一名男子从英国伦敦一个新冠疫苗接种中心的路牌旁走过。新华社记者 韩岩 摄