မနီလာ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို အားဖြည့်ကာကွယ်ဆေးအဖြစ် အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဖိလစ်ပိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန အကြီးအကဲ Enrique Domingo က နိုဝင်ဘာ ၁၆ ရက် တွင် ကြေညာခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ကိုဗစ်ကာကွယ်ထိုးနှံထားခြင်းမရှိသည့် သူလူအုပ်စုသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူနှင့် နှိုင်းယှဉ်ပါက ရောဂါကူးစက်ပြီးနောက် ရောဂါပြင်းထန်နိုင်မှု သို့မဟုတ် သေဆုံးနိုင်မှုသည် ၁၅ ဆ ပို၍ မြင့်မားကြောင်း ဩစတြေးလျနိုင်ငံ နယူးဆောက်သ် ဝေးလ်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပေကျင်း၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အောက်တိုဘာ ၂၈ ရက်မှစ၍ အသက် ၃ နှစ်မှ ၁၁ နှစ်အရွယ်လူအုပ်စုအား ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံသည့်လူအုပ်စုတွင် စာသင်သားအရွယ် ကျောင်းသားကျောင်းသူများ၊ ကျောင်းပြင်ပနေ လူအုပ်စုများ ပါဝင်ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူသူသည် အသက် ၃ နှစ်ပြည့်ရမည်ဖြစ်ကြောင်း...
ပေကျင်း၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု၊ ဆောင်းဦး၊ဆောင်းရာသီရောက်ရှိခြင်းနှင့်အတူ ကပ်ရောဂါကူးစပ်ပြန့်ပွားသည့်အန္တရာယ်ဆိုးဝါးလာသည်။
ဘန်ကောက်၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) တစ်နှစ်ခွဲနီးပါးကြာကာလအပြီး ထိုင်းနိုင်ငံသည် နိုဝင်ဘာ ၁ ရက်မှစ၍ နိုင်ငံနှင့်ဒေသ ၆၃ ခုက ကိုဗစ်ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားသည့် ခရီးသွားများအား ကွာရန်တင်းမလိုဘဲ တရားဝင်ပြည်ဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ထိုလုပ်ဆောင်ချက်က စီးပွားရေးပြန်လည်နိုးထရန်အတွက် တစ်ဆင့်ကူညီအားဖြည့်နိုင်လိမ့်မည်ဟု ထိုင်းနိုင်ငံအစိုးရက ခန့်မှန်းထားသည်။ ယင်းနေ့တွင် ထိုင်းနိုင်ငံ မြို့တော်...
ဂျီနီဗာ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးပြန်လည်ရှင်သန်မှု တိုးတက်နှုန်းက မညီမျှဖြစ်နေရာ ကမ္ဘာ့စီးပွားရေးတစ်ခုလုံး ပြန်လည်နလန်ထူလာစေရန် ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါ၏ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်များအပေါ် သက်ရောက်မှုက ကြိုတင်ခန့်မှန်းထားသည်ထက် ပို၍ ဆိုးဝါးနေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)၏ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်သည့်...
ဘန်ကောက်၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံတွင် နိုဝင်ဘာ၌ စတင်မည့် ကျောင်းဖွင့်ကာလအတွက် အသက် ၁၂ နှစ်မှ ၁၈ နှစ် အရွယ်ရှိ ကျောင်းသားကျောင်းသူများအား အောက်တိုဘာ ၄ ရက်မှစ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။ (Xinhua) ———————————– (Chinese Version) (国际疫情)泰国为12至18岁学生接种新冠疫苗 2021-10-04...
မော်စကို၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေဆိုးဝါးလာရာ ယခုရက်သတ္တပတ် ၂ ပတ်အတွင်း ကိုဗစ်လူနာ ဦးရေ ၂၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ရုရှားဝန်ကြီးချုပ် မစ်ရှုစတင်က စက်တင်ဘာ ၃၀ ရက် ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) Pfize ကိုဗစ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်ကို အမေရိကန် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာန(FDA)က စက်တင်ဘာ ၂၂ ရက်တွင် ပြင်ဆင်ခဲ့ရာ သက်ကြီးရွယ်အိုနှင့်ကူးစက်မှုအန္တရာယ်များလူအုပ်စုများအား Pfizeကိုဗစ်ကာကွယ်ဆေး ဒုတိယတစ်လုံးထိုးနှံပြီး အနည်းဆုံး ၆ လကြာတွင် အားဖြည့်ကာကွယ်ဆေးထပ်ထိုးရန် ခွင့်ပြု ခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်အထိ တရုတ်နိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအကြိမ်ရေပေါင်း (၂,၁၇၄.၀၄၃)သန်း ရှိပြီး ကာကွယ်ဆေးထိုးနှံထားသူ (၁,၁၀၀.၈၄၂) သန်း၊ ၎င်းတို့အနက် ကာကွယ်ဆေးအပြည့်အဝထိုးထားသူ (၁,၀၂၂.၂၀၇) ဦး...