ထရီပိုလီ ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီ၌ လက်နက်ကိုင်အုပ်စုများအကြား သောကြာနေ့ ညပိုင်းက တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း လစ်ဗျားနိုင်ငံရှိ ကုလသမဂ္ဂထောက်ပံ့ရေးအစီအစဉ်(UNSMIL) က ဇွန် ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ မတ် ၁၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဌ Abdulla Shahid က လာမည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးအတွက် အမျိုးသမီးတစ်ဦးဖြစ်သင့်ကြောင်း မတ် ၁၄ ရက်တွင် ပြောကြားလိုက်သည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Zhang Jun က ယူကရိန်းအရေးအား “ ကြောင်းကျိုးဆီလျော်သောဖြေရှင်းမှုများ” လုပ်ဆောင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများအလုံးကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) အသင်းဝင်ကြေးပေးသွင်းရန် ပျက်ကွက်သဖြင့် အီရန် နှင့် ဗင်နီဇွဲလာ အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံကို ကုလသမဂ္ဂ၌ ၎င်းတို့၏ မဲပေးခွင့်များအား ရုပ်သိမ်းထားလိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံအစိုးရသည် တီဂရေးဒေသသို့ မောင်းနှင်ဝင်ရောက်လာသည့် ကုလသမဂ္ဂ နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ရေးကုန်တင်ယာဉ်မောင်း အနည်းဆုံး ၇၀ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ တစ်ဦးက နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက် ၂၇၅၈ ကိုဆန့်ကျင်ကာ ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP) အာဏာပိုင်များ၏ ထပ်ဖန်တလဲလဲ ပုံဖျက်ပြောဆိုမှုများနှင့်ဝေဖန်မှုများကို တရုတ်ပြည်မအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၁၄ ရက်တွင် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။
ပေကျင်း ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော ထိုင်ဝမ်သည် ကုလသမဂ္ဂထံ ဝင်ရောက်ရန် အရည်အချင်းပြည့်မီမှုမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ နေရာအနှံ့အပြားတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ပြည်သူထောင်ပေါင်းများစွာသည် ၎င်းတို့နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ ၊ လူသားချင်းစာနာမှုညှိနှိုင်းကွပ်ကဲရေးရုံး(OCHA) က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဇွန် ၉ ရက်(ဆင်ဟွာ) ကုလသမဂ္ဂလုံခြုံရေးကောင်စီက အန်တိုနီယိုဂူတာရက်စ်အား အထွေထွေအတွင်းရေးမှူးချုပ်ရာထူး ဒုတိယသက်တမ်းအတွက် ဇွန် ၈ ရက်တွင် ထောက်ခံအတည်ပြုလိုက်ကြောင်း သိရသည်။