ပေကျင်း၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူချုပ် ဂူတာရက်စ်နှင့် စက်တင်ဘာ ၂၇ ရက်တွင် ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ရာစုနှစ်ကပ်ရောဂါသည် နှစ်တစ်ရာအပြောင်းအလဲကို ပို၍ မြန်ဆန်စေရာ ကမ္ဘာကြီးသည် မသေချာမရေရာမှု၊မတည်ငြိမ်မှုတို့နှင့် ပြည့်နှက်နေကြောင်း၊...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres)က နျူကလီးယားလက်နက်လုံးဝဖျက်သိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂၆ တွင် မိန့်ခွန်းပြောကြားရာ၌ နျူကလီးယားလက်နက်များကို ကမ္ဘာမြေပေါ်မှ လုံးဝဖယ်ရှားသွားရမည်ဖြစ်ကြောင်း နှင့် တွေ့ဆုံဆွေးနွေးမှု ၊ ယုံကြည်မှု နှင့်ငြိမ်းချမ်းမှု ခေတ်သစ်ကို စတင်သွားရမည်ဖြစ်ကြောင်း...
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂက အာဖဂန်နစ္စတန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် မပြိုလဲစေရေး ကူညီရန် အရေးပေါ်ရန်ပုံငွေများထဲသို့ အမေရိကန်ဒေါ်လာ ၄၅ သန်း ချထားပေးကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် (၇၆)ကြိမ်မြောက် ကမ္ဘာကုလသမဂ္ဂညီလာခံသို့ စက်တင်ဘာ ၂၁ ရက်က ပေကျင်းမြို့မှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ပြီး “ခိုင်မာသည့် ယုံကြည်ချက်ဖြင့် လက်ရှိအခက်အခဲအကျပ်အတည်းများကို ယှဉ်တွဲကျော်ဖြတ်ကာ ပို၍သာယာလှပသည့်ကမ္ဘာကြီးအား အတူတည်ဆောက်ကြမည်”ဟူသည့် ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။
ကိုပင်ဟေဂင် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအတွက် တရုတ်နိုင်ငံအစိုးရမှ လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေးများ သည် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့သို့ စက်တင်ဘာ ၂၀ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းပေးအပ်သည့် အခမ်းအနားအား စက်တင်ဘာ ၁၇ ရက်တွင်...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်အရေးကိစ္စနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် စက်တင်ဘာ ၉ ရက်က တံခါးဖွင့်ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ ကွန်ပြူတာများ၂၀၂၁ ခုနှစ် ဧပြီလတွင် ဆိုက်ဘာတိုက်ခိုက်ခံရကြောင်း Bloomberg သတင်းဌာန၏ ရေးသားဖော်ပြချက်ကို စက်တင်ဘာ ၉ ရက်တွင် ကုလသမဂ္ဂက အတည်ပြုခဲ့သည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) ဥက္ကဌ Volkan Bozkir က လာမည့် စက်တင်ဘာ ၁၄ ရက်တွင် စတင် ဖွင့်လှစ်မည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA ၇၆) သို့ ကမ္ဘာ့နိုင်ငံများမှ နိုင်ငံ့အကြီးအကဲ...
ကုလသမဂ္ဂ ၊ စင်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဂီနီနိုင်ငံ၌ စက်တင်ဘာ ၅ ရက်တွင် အာဏာသိမ်းကြိုးပမ်းမှုကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြစ်တင်ရှုတ်ချလိုက်ပြီး သမ္မတ Alpha Conde ကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ “ဂီနီနိုင်ငံ အခြေအနေကို ကျွန်တော် ကိုယ်တိုင် အနီးကပ်စောင့်ကြည့်နေပါတယ်။လက်နက်နဲ့...
ဖနွမ်းပင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အနောက်ပစိဖိတ်ဒေသအတွင်း အရွယ်ရောက်ပြီးသူများအကြား COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးမှု အမြင့်ဆုံးရာခိုင်နှုန်း၌ ရပ်တည်နေသော နိုင်ငံများထဲတွင် ကမ္ဘောဒီးယားနိုင်ငံလည်းပါဝင်ကြောင်း ကမ္ဘောဒီးယားရှိ ကုလသမဂ္ဂရုံး၏ ဩဂုတ် ၃ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။