ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ကူးစက်ရောဂါ အခြေအနေအား ထိန်းချုပ်နိုင်ပြီဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း ရောဂါဖြစ်ပွားမှုအသစ် အရေအတွက် လျော့ကျသွားနိုင်ဖွယ်ရှိကြောင်း တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ကူးစက်ရောဂါပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းပညာရှင် အကြီးအကဲ ဝူကျွန်းရိုက ဇွန် ၁၈ ရက်တွင် ပြောခဲ့သည်။
ဟန်ကျိုး ၊ မေ ၃ ရက်(ဆင်ဟွာ) ယာဉ်အသွားအလာ ကျိုးတို့ကျဲတဲ ၊ လူသူကင်းမဲ့သော လမ်းမများ ၊ မှတ်တိုင်ဘူတာရုံများ နှင့် ဈေးဝယ်စင်တာများ၌ အနည်းအကျဉ်းသော လူစုများဖြင့် တရုတ်နိုင်ငံ၏ ယခုနှစ် နွေဦးရာသီ ပွဲတော်မှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပြန့်နှံ့လာမှုနှင့်အတူ ယခင်နှစ်များနှင့်မတူဘဲ တိတ်ဆိတ်ငြိမ်သက်ခဲ့ရသည်။
ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ တိုက်ဖျက်ရေး အားထုတ်မှုများအတွက် ကူညီပံ့ပိုးရန် ဆေးဘက်ဆိုင်ရာ ပညာရှင်များနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်ရေး စင်းလုံးငှားလေယာဉ် ၃၀၂ စင်း စေလွှတ်ခဲ့ကြောင်း မြို့ပြလေကြောင်း အာဏာပိုင်များအဆိုအရ သိရသည်။