Connect with us

MYANMAR

တရုတ်နိုင်ငံက နိုင်ငံတကာ ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းအတွက် စင်းလုံးငှားလေယာဉ် ၃၀၂ စင်း စေလွှတ်

တရုတ်နိုင်ငံမှ ပေးပို့သော ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ ဂါနာနိုင်ငံသို့ ဧပြီ ၆ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ တိုက်ဖျက်ရေး အားထုတ်မှုများအတွက် ကူညီပံ့ပိုးရန် ဆေးဘက်ဆိုင်ရာ ပညာရှင်များနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်ရေး စင်းလုံးငှားလေယာဉ် ၃၀၂ စင်း စေလွှတ်ခဲ့ကြောင်း မြို့ပြလေကြောင်း အာဏာပိုင်များအဆိုအရ သိရသည်။

ဧပြီ ၅ ရက်အထိ တရုတ်နိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန (CAAC) က နိုင်ငံ ၄၈ နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၁၀ ဦးနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်း ၄,၇၁၅ တန် ပေးပို့ရန် စင်းလုံးငှားလေယာဉ်များ နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ဆိုသည်။

ထို့ပြင် ဧပြီ ၅ ရက်တွင် အာဖရိ ၁၈ နိုင်ငံ၌ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း ကူညီရန် ၃၇ ဒသမ ၆ တန်ရှိသော အထောက်အကူပြုပစ္စည်း ပေးပို့သည့် လုပ်ငန်းဆောင်ရွက်ရေးအတွက် Air China လေကြောင်းလိုင်းမှ စင်းလုံးငှားလေယာဉ်တစ်စင်း စေလွှတ်ခဲ့ကြောင်း၊ အဆိုပါ လေယာဉ်သည် ဂါနာနိုင်ငံ လေဆိပ်သို့ ဧပြီ ၆ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အထောက်အကူပြုပစ္စည်းများတွင် အသက်ရှူစက်များ၊ N95 နှာခေါင်းစည်းများ၊ အကာအကွယ်ဝတ်စုံ၊ လက်အိတ်များနှင့် အခြားကျန်းမာရေးကိရိယာများနှင့် ကာကွယ်ရေးကိရိယာများ ပါဝင်ကြောင်း သိရသည်။၎င်းပစ္စည်းများအား ဂါနာနိုင်ငံမှတစ်ဆင့် အခြားအာဖရိက ၁၇ နိုင်ငံသို့ ဆက်လက်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)