Asia9 years ago
ဗြိတိန်သံအမတ်အား သတ်ဖြတ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် စစ်သွေးကြွသုံးဦးအား ကြိုးပေးကွပ်မျက်ခဲ့
ဒါကာ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ ကော်မရှင်နာမင်းကြီး Anwar Choudhury အား ၂၀၀၄ခုနှစ်တွင် လက်ပစ်ဗုံးဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သော စစ်သွေးကြွအုပ်စုခေါင်းဆောင် တစ်ဦးနှင့် နောက်လိုက် နှစ်ဦးတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဧပြီ ၁၂ ရက်တွင် ကြိုးပေးကွပ်မျက်ခဲ့ကြောင်း သိရသည်။