Connect with us

Asia

ဗြိတိန်သံအမတ်အား သတ်ဖြတ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် စစ်သွေးကြွသုံးဦးအား ကြိုးပေးကွပ်မျက်ခဲ့

ဘင်္ဂလားဒေ့ရှ် တွင် ကြိုးပေးကွပ်မျက်ခံရသည့် အကြမ်းဖက်သမား သုံးဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒါကာ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ ကော်မရှင်နာမင်းကြီး Anwar Choudhury အား ၂၀၀၄ခုနှစ်တွင် လက်ပစ်ဗုံးဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သော စစ်သွေးကြွအုပ်စုခေါင်းဆောင် တစ်ဦးနှင့် နောက်လိုက် နှစ်ဦးတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဧပြီ ၁၂ ရက်တွင် ကြိုးပေးကွပ်မျက်ခဲ့ကြောင်း သိရသည်။

အကျဉ်းထောင်စစ်ဆေးရေးအရာရှိချုပ် ဗိုလ်မှူးချုပ် Syed Iftekhar Uddin က မတရားအသင်း တစ်ခုဖြစ်သော Harkar-ul-Jehad-al-Islami (HUJI) အကြမ်းဖက်အုပ်စုခေါင်းဆောင် Mufti Abdul Hannan နှင့် ၎င်း၏ လက်ထောက် Sharif Shahedul Alam တို့အား ဒါကာမြို့စွန် Gazipurခရိုင် ရှိ Kashimpur အဆင့်မြင့်အကျဉ်းထောင် တွင် ဒေသစံတော်ချိန် ည ၁၀း၀၀နာရီ က ကြိုးပေးကွပ်မျက်ခဲ့ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။၎င်းက တတိယမြောက် HUJI စစ်သွေးကြွတစ်ဦးဖြစ်သည့် Delwar Hossain ကိုလည်း နိုင်ငံအရှေ့မြောက်ပိုင်း Sylhet မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် အလားတူ အချိန်၌ ကွပ်မျက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)