Politics, Law & Military9 years ago
စားသုံးဆီ ရောနှောထားသည့် မြေပဲဆီသန့် တံဆိပ် ၆ မျိုးနှင့် ပဲဆီအမည်ခံ စားအုန်းဆီ တံဆိပ် ၄ မျိုးအား ဥပဒေအရ အရေးယူမည်ဟု ကြေညာချက်ထုတ်ပြန်
ရန်ကုန်၊စက်တင်ဘာ၈ရက်(ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြေပဲဆီသန့်ဟုဆိုကာ စားသုံးဆီ ရောနှောရောင်းချသည့် တံဆိပ် ၆မျိုးနှင့် မြေပဲဆီအမည်ခံ စားအုန်းဆီ တံဆိပ် ၄ မျိုးအား စားသုံးသူနစ်နာသည့်အတွက် ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ မှ ယနေ့ ကြေညာချက်ထုတ်ပြန်သည်။