Connect with us

Politics, Law & Military

စားသုံးဆီ ရောနှောထားသည့် မြေပဲဆီသန့် တံဆိပ် ၆ မျိုးနှင့် ပဲဆီအမည်ခံ စားအုန်းဆီ တံဆိပ် ၄ မျိုးအား ဥပဒေအရ အရေးယူမည်ဟု ကြေညာချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ ထုတ်ပြန်သည့် ကြေငြာချက်။

ရန်ကုန်၊စက်တင်ဘာ၈ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြေပဲဆီသန့်ဟုဆိုကာ စားသုံးဆီ ရောနှောရောင်းချသည့် တံဆိပ် ၆မျိုးနှင့် မြေပဲဆီအမည်ခံ စားအုန်းဆီ တံဆိပ် ၄ မျိုးအား စားသုံးသူနစ်နာသည့်အတွက် ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ မှ ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

မြေပဲဆီဟု ကြေညာထားသည့် စားသုံးဆီ အရော တံဆိပ် ၆ မျိုးမှာ ရွှေမိုး မြေပဲဆီ၊ Family မြေပဲဆီ၊ စံထိပ်တန်းမြေပဲဆီ၊ ရွှေစင်အာမခံ မြေပဲဆီစစ်စစ်၊ စိန်သရဖူ မြေပဲဆီသန့်၊ Golden Apple (Special Cooking Oil) ဆိုသည့် အမှတ်တံဆိပ် ၆ မျိုးဖြစ်သည်။

မြေပဲဆီဟုဆိုကာ စားအုန်းဆီများကို ရောင်းချသည့် အမှတ်တံဆိပ် ၄မျိုးမှာ တော်ဝင်နဒီ၊ Lucky မြေပဲဆီ၊ SS မြေပဲဆီ၊ Hi Plus မြေပဲဆီသန့် တံဆိပ်များ ဖြစ်ကြသည်။

အဆိုပါ အမှတ်တံဆိပ်များအား ဈေးကွက်တွင်းမှ နမူနာများရယူကာ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ ပေးပို့ဓာတ်ခွဲစမ်းသပ်ခဲ့ပြီး စားသုံးဆီအရော နှင့် စားအုန်းဆီများ ဖြစ်နေခြင်းအား တွေ့ရှိခဲ့ရကြောင်း၊ စားသုံးသူများ အနေဖြင့် အဘက်ဘက်မှ ထိခိုက်နစ်နာသည့် အပြင် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ပြဌာန်းချက်များအား ချိုးဖောက်နေခြင်းဖြစ်၍ ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.